Wednesday, August 28, 2013

မော်လူးဒေသခံပြည်သူများအား တန်းဖိုးနည်း GSM ဖုန်းဆင်းမ်ကတ်များ မဲစနစ်ဖြင့် ရောင်းချပေး







မော်လူးဒေသခံပြည်သူများအား တန်းဖိုးနည်း GSM ဖုန်းဆင်းမ်ကတ်များ  မဲစနစ်ဖြင့် ရောင်းချပေး
မော်လူး၊ သြဂုတ် ၂၈
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ ဒဏ္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံတွင် သြဂုတ် ၂၈ ရက်နေ့ နံနက်ကိုးနာရီက တန်းဖိုးနည်း ၁၅၀၀ ကျပ်တန် GSM ဖုန်းဆင်းမ်ကတ်များကို ဒုတိယအကြိမ် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအားရောင်းချပေးခဲ့ကြောင်း သိရသည်။
မော်လူးဒေသအတွက် ဒုတိယအကြိမ်အဖြစ် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် GSM ဖုန်းဆင်းမ်ကတ် ၃၀၀ ကို ခွဲတမ်းအဖြစ် ရရှိခဲ့သည်။ ၄င်းဖုန်းဆင်မ်းကတ် ၃၀၀ အနက်မှ ခရိုင်နှင့် မြို့နယ်ဝန်ထမ်းများအတွက် ၁၈ ကတ်၊ မော်လူးဒေသရှိ ဋ္ဌာနဆိုင်ရာများဖြစ်သည့် ပညာရေးဋ္ဌာနအတွက် ၄၂ ကတ်၊ကျေးရွာ အုပ်ချုပ်ရေးဋ္ဌာနအတွက် ၇ ကတ်၊ ကျန်းမာရေး ဋ္ဌာနအတွက် ၅ ကတ်၊ ဆက်သွယ်ရေးဋ္ဌာနအတွက် ၃ ကတ်၊ မြန်မာ့မီးရထားဋ္ဌာနအတွက် ၃ ကတ်၊ လျှပ်စစ်ဋ္ဌာနအတွက် ၃ ကတ်၊ ရဲတပ်ဖွဲ့အတွက် ၃ ကတ်၊ ရှေ့တန်းနယ်မြေခံတပ်ရင်းအတွက် ၂ ကတ်၊ မီးသတ်တပ်ဖွဲ့နှင့် မီဒီယာအဖွဲ့အတွက် ၂ ကတ်၊ သစ်တောဋ္ဌာနအတွက် ၁ ကတ်၊ သီးခြား ၁ ကတ်၊ သံဃာတော်များအတွက် ၁၀ ကတ် စုစုပေါင်း ၁၀၀ ကတ်အားခွဲဝေပေးပြီး ကျန်ရှိသည့် ၂၀၀ ကတ်အား ကျေးလက်နေ ပြည်သူများကို ကျေးရွာရပ်ကွက်အလိုက် ခွဲတမ်းချပြီး ဒုတိယအကြိမ်မြောက်အဖြစ် မဲဖောက်ရောင်းချပေးခဲ့ကြောင်း ၊ မော်လူးဒေသအတွက် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် GSM ဖုန်းဆင်းမ်ကတ်များကို သြဂုတ် ၁ ရက်နေ့က ပထမအကြိမ်အဖြစ် ၂၀၀ ကတ်ချပေးပြီး ၄င်းဆင်းမ်ကတ် ၂၀၀ အနက်မှ ကျေးလက်ပြည်သူများအား ၁၃၄ ကတ်၊ မော်လူးဒေသ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများ အတွက် ၆၆ ကတ် ခွဲဝေရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။








mawlu media

2 comments:

  1. ခရိုင်နှင့် မြို့နယ်က ဆင်းကဒ်ယူသွားသူတွေက
    မော်လူးသား နဲ့ရလို့ မွေးထားတဲ့ သူတွေလား
    ပေးလိုက်ပေါ့ကွာ မဟုတ်လည်း ပထွေးတော့ အခေါ်ခံရသေးတာပေါ့

    ReplyDelete
  2. သြော် ဒီလိုလား

    ReplyDelete