Sunday, November 3, 2013

မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ




မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လူး၊ အောက်တိုဘာ ၃

@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊ မော်လူးနယ်မြေ၊ ရဲတပ်ဖွဲ့စခန်းရုံးတွင် အောက်တိုဘာ ၃ ရက်၊ နေ့လည် ၁ နာရီက မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မော်လူးနယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် အေးမင်းသိန်းမှ နယ်မြေလုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် အကြောင်းအရာများကိုလည်းကောင်း၊ ပေါက်ကွဲစေတတ်သော မိုင်းအမျိုးအစားအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားကာ မိုင်းဟုယူဆရသော မသင်္ကာစရာတွေ့ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ရန်၊ မိုင်းနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ မိုင်းအန္တရာယ်ရှိနိုင်သည့် နေရာများဖြစ်သည့် လူစည်ကားရာစည်ပင်သာယာဈေး၊ မီးရထားဘူတာရုံ၊ တည်းခိုခန်း၊ မော်တော်ကားဂိတ်၊ဒေသတွင်း စေတီပုထိုးများ(သမိုင်းဝင်ဒီပင်္ကရာစေတီတော်)တွင် လုံခြုံရေးကင်မရာများ တပ်ဆင်ရန်လိုအပ်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြီး ဒေသတွင်း မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ ခိုးဆိုးတိုက်ခိုက် လုယက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲနှင့်အတူ ရပ်မိရပ်ဖများ၊ဒေသခံများ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းတားဆီးကာကွယ်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဒေသခံများမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ မေးမြန်းသည့် သိရှိလိုသည်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ မော်လူးဒေသ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် ကျေးရွာ အထောက်အကူပြု ကော်မတီဝင်များ၊ အုပ်စုအသီးသီးမှ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ သတင်းမီဒီယာများ၊ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ၊ သမိုင်းဝင်ဒီပင်္ကရာစေတီ ဂေါပကဥက္ကဋ္ဌ ဦးတင်နွယ်၊ ဘဏ္ဍာထိန်း ဦးမြင့်အောင်၊ တည်ခိုးခန်းပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်များ၊စည်ပင်သာယာဝန်ထမ်းများတက်ရောက်ကြကြောင်း သိရသည်။

CYCLONE

No comments:

Post a Comment