Monday, June 9, 2014

တိုက်ကြပါစို့ ...

တိုက်ကြပါစို့

@@@@@@@
စစ်အာဏာ ပန္နက်စိုက်
ရိုက်ထားတဲ့ ဖွဲ့စည်းပုံ
စစ်ကျွန်သက်ရှည်စေဖို့
ရည်ညွှန်းတဲ့ ဥပဒေတွေကို
ပြည်သူတွေ မလိုလားတာမို့
ထောင်ချောက်ကို ချိုးကာဖျက်လို့ရယ်
တိုးထွက်စို့ ညီညာညာ...။

ပြင်ဆင်ကြဖို့ရာက
ခေတ်တာဝန်တစ်ရပ်ပေမို့
တစ်ပြည်လုံးသာပ
ကြိုးပမ်းကာ ဆန္ဒပြုမယ်
နိုင်သမျှ ဝန်ထမ်းလို့
၄၃၆ တံခါးကို
ရအောင်ကွယ် ဖျက်ပစ်ဖို့
တို့တစ်တွေ ဝိုင်းကာဝန်း
ခွပ်ဒေါင်းအမေ ဦးဆောင်တဲ့
ခြေ/ဥပြင် ဆန္ဒပြုလက်မှတ်ကိုပ
မနှေးအမြန် ပြေးကာထိုးလို့ 
ဒီမိုကရေစီ နိုင်ငံအစစ်သို့
အမှန်တကယ်ရောက်စေဖို့
ငြိမ်းချမ်းစွာ တူတစ်ကွ
တိုက်ကြစို့လေး ...။
(ခြေ/ဥပြင် = ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး )

No comments:

Post a Comment