Monday, June 9, 2014

မိတ်ဆွေကောင်းဆိုတာဘာလဲ

မိတ်ဆွေကောင်းဆိုတာဘာလဲ?

မိတ်ဆွေဆိုတာ နှစ်မျိုးပါတယ်။
၁။ မိတ်ဆွေကောင်းဆိုတာ အခက်အခဲတွေကို ကောင်းတူဆိုးဘက်အနေဖြင့် ရိုင်းပင်းကူညီပေးတက်တယ်။ ပြီးတော့ ဘယ်လိုအခက်အခဲ့တွေကိုဖြစ်နေပါစေ နည်းပေးလမ်းပြခြင်း အခက်အခဲ့ကြုံတိုင်း ကူညီပံ့ပိုးတတ်တဲ့ သူမျိုး မိမိဘ၀အတွက် အကောင်းဖြစ်တဲ့ နည်းပေးလမ်းပြဖြစ်အောင် အဲဒီမိတ်က ကူညီပံ့ပိုးပေးတက်ပါတယ်။

မိတ်ဆွေကောင်းတစ်ယောက် ရှိတယ်ဆိုရင် မိမိ မိသားစု မိဘ ဆွေမျိုးသားခြင်းတွေထက် ပိုပြီးတော့ မိမိအတွက် ကူညီပံ့ပေးပြီး နည်းလမ်းကောင်းတွေကိုလည်း ပိုမိုကောင်းမွန်ကောင် သွန်သင်ဆုံးမတတ်တဲ့ ဆရာလိုတစ်မျိုး မိတ်ဆွေလို တစ်ဖုန်သွင်သင်ဆုံးမတက်တဲ့သူကို
မိတ်ကောင်းလိုခေါ်တာ မမှားလောက်ဘူးကျွန်တော်ထင်ပါတယ်။

၂။ မကောင်းတဲ့မိတ်ဆွေတွေက မိမိဘ၀ကို ချောက်ထဲသို့ပြုတ်ကြအောင် တွန်းချတက်တယ်။ နောက်တစ်ချက်က အပေါ်ရန်မှာတော့ အရန်းကိုကောင်းလွန်းပြီး မိမိနောက်ကွယ် နောက်ကျောကိုဓါးနဲ့ထိုးတဲ့သူတစ်ယောက်ဖြစ်နေတက်တယ်။ မိမိဆီက လိုချင်တဲ့စိတ်ထားတွေနဲ့ မြှောက်ပင်ပြီးတော့ ပစ္စည်းဥစ္စာတွေကို သွယ်ဝိုက်ပြီးတော့ ပညာသားပါပါနဲ့ယူတတ်တယ်။ မိမိက အရိုးခံနဲ့ သူပြောတာတွေကို မဟုတ်ထင်ပြီးတော့ ယုံကြည်လိုက်တာ တစ်ခါ သို့မဟုတ် ၂ခါလောက်ဟာ မိမိယုံကြည်ထားတဲ့သူ မိတ်ဆွေကောင်းကြီးက မိမိဘ၀ကို ဆုတ်ပြတ်သက်သွားအောင် လုပ်သွားတက်တယ်ဆိုတာကို ခံစားဖူးတဲ့သူတွေရှိသလို မခံစားဖူးသေးတဲ့သူတွေလည်း ရှိမှာပါ။ အခုလိုမျိုး ကြုံတွေခဲ့ရတဲ့သူတွေက သွေးဆူးနေတဲ့အချိန်မှာ ဒေါ်သဖြစ်ပြီး ဆဲဆိုမှာ အသေခြားပါ။

တကယ်စိတ်ပြေသွားပြီးဆိုရင် အမှားအမှန်တွေကိုတွေးပြီးတော့ မိမိဘ၀အတွက် သင်္ခန်စာယူ အတူယူတက်ပြီး။ ခဲထိဖူးတဲ့ စာသငယ်ပမာလိုပေါ့ဗျာ ခဲလုံးလေထိခဲ့ဖူးတဲ့စာသငယ်ဟာ အဲဒီနေရာကိုမှတ်သားထားပြီးတော့ ရောက်တိုင်း သူနာကျင်ခဲ့ရတယ်ဆိုတာကို အမှတ်ထားပြီး အမြဲတန်းလိုလို သတိထားပြီး နေတက်တယ် စားတက်လာတော့ပေါ့ဗျာ။........

ကဲသူငယ်ချင်းတွေကော အခုလိုမိတ်ဆွေကောင်းဆိုတာဘာလဲ့ ? ဆိုတာကို ဖက်ပြီး သူငယ်ချင်းတို့ရဲ့ ဗဟုသုတလေးတွေကို သင်္ခန်စားတွေကို ဗဟုသုတ လည်းလှယ်ကြရင်းဖြင့် အခုကျွန်တော်ရေးတဲ့စားထည်မှာ တိုက်ဆိုင်မှုတွေရှိတယ် ကြုံတွေခဲ့ဖူးတယ်။ ကျွန်တော်သိတဲ့ မိတ်ဆွေကောင်းဆိုတာဘာလဲ? ဆိုတာကို ဖက်ပြီးတော့ ပြောပြပါလားဗျာ.......။

လှောင်ပြောင်ခြင်း သီးခံပါ.........


ကိုမျိုး




No comments:

Post a Comment