Wednesday, September 10, 2014

ရွာချင်းဆက် လမ်းမပေါ်ရှိ တံတားအား ကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးမှ
လေးတန်းရိုးကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ
တံတားအား ကွန်ကရစ်တံတားအဖြစ် စက်တင်ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်နေကြောင်း
သိရသည်။
အဆိုပါ ကွန်ကရစ်တံတား၏ အရှည် ၁၈ ပေ၊ အကျယ် ၇ ပေခန့်ရှိပြီး
စည်ပင်နယ်နမိတ်အတွင်းရှိသည့် တံတားဖြစ်သဖြင့် အင်းတော်မြို့နယ်
စည်ပင်ဦးစီးဋ္ဌာနမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ
ကွန်ကရစ်တံတား ဆောက်လုပ်နေမှုကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ခန့်က
အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ မြို့နယ်
စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်မြို့ စည်ပင်ဈေးတာဝန်ခံ
ဦးတင်မောင်အေး၊ အင်းတော်မြို့ စည်ပင်သာယာဈေး ဈေးခေါင်း ဦးကံမောင်၊
မော်လူး စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးနှင့် စည်ပင်သာယာဈေး
ကော်မတီဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မော်လူးဒေသ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ အခြားတံတားများကိုလည်း
ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်းလည်း
သိရသည်။

ကျေးရွာမှ  တာဝန်ရှသူများကလည်း  တံတာအဆငိ့မီ ခိုင်ခန့်ရန်  ကြပ်မှတ်သင့်ဘာကြောင်း

No comments:

Post a Comment