Wednesday, September 10, 2014

မ်ာလူး စည်ပင်သာယာဈေးသို့ မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး စည်ပင်သာယာဈေးသို့
အင်းတော်မြို့နယ် စည်ပင် ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့်
အဖွဲ့ဝင်များမှ စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှု
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ
ဦးအေးမင်းထွန်း၊ မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်
စည်ပင်ဈေး တာဝန်ခံ ဦးတင်မောင်အေး၊ ဈေးခေါင်း ဦးကံမောင်၊ မော်လူး
စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးတို့သည် မော်လူး
စည်ပင်သာယာဈေးအတွင်း ဈေးသူဈေးသားများနှင့် တွေ့ဆုံပြီး
ဈေးသူဈေးသားများ ရောင်းချရာတွင် အသုံးပြုသည့် အလေးချိန်ခွင်
မှန်ကန်မှုရှိမရှိ၊ သားငါးများ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း
ရောင်းချပေးခြင်းရှိမရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်

မော်လူး  ကျေးရွာတွင်း  အမှိုက်များ  စွန့်ပစ်ရာတွင်
အဆင်ပြေစေရန်အတွက်တော့  ဆောင်ရွက်သွားခြင်း
မရှိကြောင်းသိရ။

No comments:

Post a Comment