Wednesday, September 10, 2014

ပရိဘောဂ လုပ်ငန်းရှင်များအား မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်းရှိ
ပရိဘောဂလုပ်ငန်းရှင်များ၏ လုပ်ငန်းရုံများသို့ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ စက်တင်ဘာ ၁၀ ရက် နေ့ ၁၂
နာရီအချိန်က လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသတွင်းရှိ ပရိဘောဂလုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင်
လျှောက်ထားခြင်းရှိမရှိ၊ တစ်ပေထက်ကျော်သည့် ပြန်စိတ် လွှဝိုင်းများ
တပ်ဆင်အသုံးပြုနေခြင်းရှိမရှိ၊ နိုင်ငံတော်မှ တားမြစ်ထားသည့် ကျွန်း၊
တန်မလန်းသစ်များ အသုံးမပြုရန်နှင့် တစ်ပေထက်ကျော်သည့်
ပြန်စိတ်လွှဝိုင်းများ တပ်ဆင်အသုံးမပြုရန်များကို
ပရိဘောဂလုပ်ငန်းရှင်များထံမှ ဝန်ခံကတိ လက်မှတ်များ ရေးထိုးစေခဲ့ကြောင်း
သိရသည်။ အဆိုပါ ဒေသတွင်း ပရိဘောဂလုပ်ငန်းရှင်များ၏ အလုပ်ရုံများသို့
လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ရာသို့ မော်လူးကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့်အတူ ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်များ
လိုက်ပါ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်

တရားဝင်သစ်အသုံးပြု နိုင်ရန်

သစ်ခွဲသားအရောင်းဆိုင်  မေိာလူးတွင် လိုအပ်ပါသည်


No comments:

Post a Comment