Wednesday, December 3, 2014

တိုက်နယ် ကျန်းမာရေးဌာနတွင် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်

 မော်လူးတိုက်နယ် ကျန်းမာရေးဋ္ဌာနတွင် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်
> မော်လူး၊ ဒီဇင်ဘာ ၃
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးတိုက်နယ်
> ကျန်းမာရေးဋ္ဌာနတွင် ဒီဇင်ဘာ ၂ရက်နေ့ နံနက် ၉ နာရီအချိန်တွက် ကိုယ်ဝန်ဆောင်
> အမျိုးသမီးများနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်း
> ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
> အဆိုပါ ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို မော်လူးတိုက်နယ်ဆေးရုံမှ
> ဒေါက်တာ လာမာမီးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ဝန်ဆောင်
> အမျိုးသမီးများနှင့် မွေးစမှ အသက် ၂နှစ်အောက် ကလေးငယ်များကို
> ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ် လဆန်း ၂ ရက်နေ့တိုင်း
> ဆောင်ရွက်ပေးပြီး၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊
> သောကြာနေ့ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေးဋ္ဌာနကို
> ဖွင့်လှစ်ထားပြီး ဒေသခံများကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ
> ပြုလုပ်ပေးနေသကဲ့သို့ ကျေးလက်ဒေသများသို့လည်း သွားရောက်ပြီး
> ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment