Wednesday, December 3, 2014

မိုးပွင့် အဆင့် (၇) စီမံချက်အရ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေး


> မိုးပွင့် အဆင့် (၇) စီမံချက်အရ မော်လူးဒေသ စီးမော်ကျေးရွာအုပ်စုတွင်
> ကွင်းဆင်းဆောင်ရွက်
> မော်လူး၊ ဒီဇင်ဘာ ၃
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီးမော်ကျေးရွာ
> အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက
> မိုးပွင့်အဆင့် (၇) စီမံချက်အရ နိုင်ငံသားစီစစ်ရေးကတ်ပြားများ အလျင်အမြန်
> ရရှိအောင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
> အဆိုပါ မိုးပွင့် အဆင့်(၇) စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ရာသို့
> စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊
> လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန မြို့နယ်
> ဦးစီးအရာရှိ ဦးအောင်သူ၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့၊
> မော်လူးတိုက်နယ်မှူး ဒုတိယ ဦးစီးမှူး ဦးတင့်ဆွေဦးနှင့်
> ဝန်ထမ်းများနှင့်အတူ လာရောက်ကြပြီး စီးမော်ကျေးရွာအုပ်စု
> အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့
> အားဖြည့်ကူညီမှုများဖြင့် ဒေသခံကျေးရွာသူ/သားများအား
> နိုင်ငံသားစီစစ်ရေးကတ်ပြားများ အလျင်အမြန်ရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ
> အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀၅)ဦးတို့ကို နေ့ချင်းပြီး
> ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်

No comments:

Post a Comment