Wednesday, December 3, 2014

ယာဉ်စည်း လမ်းစည်းကမ်း အသိပညာပေး

မ်ာလူးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
> မော်လူး၊ ဒီဇင်ဘာ ၃
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီးအင်တော်မြို့နယ်၊ မော်လူးတွင် ဒီဇင်ဘာ ၂ ရက်နေ့
> နံနက် ၇ နာရီအချိန်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးစာစောင်များကို
> ဖြန့်ဝေခဲ့ကြောင်း သိရသည်။
> အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်အရ
> မှတ်ပုံတင်(လိုင်စင်)မဲ့ မော်တော်ဆိုင်ကယ် စီးနင်းသူများ
> ယာဉ်တိုက်မှုဖြစ်ပွားပါက အရေးယူခြင်း၊ တာဝန်ရှိသူများ
> ရှောင်တခင်စစ်ဆေးတွေ့ရှိပါက အရေးယူခြင်း၊ မှတ်ပုံတင်(လိုင်စင်)မဲ့
> မော်တော်ဆိုင်ကယ် စီးနင်းရောင်းချခြင်းတွေ့ရှိပါက အရေးယူခြင်း ၊
> မှတ်ပုံတင်(လိုင်စင်)မဲ့ မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းသည့်
> ယာဉ်ပိုင်ရှင်များအား ပို့ကုန်သွင်းကုန် ဥပဒေအရ အရေးယူခြင်းများ
> ပြုလုပ်မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်(လိုင်စင်)မဲ့ မော်တော်ဆိုင်ကယ်များအား
> ဒေသပေါက်ဈေး၏ ၅၀%ကို ဒဏ်ကြေးအဖြစ် ကောက်ခံပြီး
> "စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသွားလာရန်" ဟူသည့် နယ်မြေကန့်သတ်ချက်ဖြင့်(
> SGG - 1001 ) နံပါတ်မှ စတင် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်းများ သိရသည်

No comments:

Post a Comment