Thursday, January 15, 2015

မော်လူးတွင် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးကွင်းဆင်းစစ်ဆေး

မော်လူးတွင် ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန် လျှပ်စစ်ဋ္ဌာနမှ ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရန် ဇန်နဝါရီ ၁၅ နံနက် ၉နာရီက မြို့နယ် လျှပ်စစ်မှူးများနှင့် ဝန်ထမ်းများ ပူးတွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ ဗန်းမောက်မြို့နယ်၊ လျှပ်စစ်မှူး ဦးမောင်တိုးနှင့် အဖွဲ့၊ မော်လူး မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ပူးပေါင်းအဖွဲ့တို့သည် အိမ်သုံး၊ စက်မှုသုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာများကို တိုင်းလျှပ်စစ် ညွှန်ကြားချက်ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်လူး လျှပ်စစ်ဋ္ဌာနမှ ဗန်းမောက်မြို့နယ်ရှိ လျှပ်စစ်မီတာများကိုလည်းကောင်း ဗန်းမောက်မြို့ လျှပ်စစ်ဋ္ဌာနမှ မော်လူးဒေသရှိ လျှပ်စစ် မီးတာများကိုလည်းကောင်း မြို့နယ်လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူများသည် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ အပြန်အလှန်သွားရောက်ကာ လျှပ်စစ်ဓာတ်အား မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးအတွက် စစ်ဆေးဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ မော်လူးဒေသတွင် အိမ်သုံး မီတာ အလုံးရေ ၄၉၀၀၊ စက်မှုလုပ်ငန်းသုံး မီတာ ၄၃ လုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာ ၁၇ လုံးတို့ကို လျှပ်စစ်ဓာတ်အား ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန်အတွက် မြို့နယ်လျှပ်စစ်မှူးများနှင့် တာဝန်ရှိသူများမှ ပူးပေါင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment