Thursday, January 15, 2015

မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေး

ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မြိုင်သာယာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆောင်းသီးနှံ စိုက်ပျိုးကြမည့် တောင်သူဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်နှင့် အဖွဲ့၊ သစ်ဆန်း လယ်ယာနှင့် အထွေထွေ စီးပွားရေး ဥက္ကဋ္ဌ ဦးဘကြည်၊ အတွင်းရေးမှူး ဦးဘဝင်း၊ ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ ယူကြမည့် တောင်သူဦးကြီး ၆၂ ဦးတက်ရောက်ခဲ့ကြပြီး၊ မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်မှ တောင်သူဦးကြီးများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၄၀၀ကျော်ကို အဖွဲ့ ၄ ဖွဲ့ခွဲကာ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူဦးကြီးများကို ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ပင်လုံကျေးရွာအုပ်စုမှ တောင်သူဦးကြီး ၆၂ဦးအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များထုတ်ချေးပေးပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment