Thursday, January 15, 2015

နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ သယ်ယူ

နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ မော်တော်ယာဉ်များဖြင့် သယ်ယူ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းစီးအောင် သစ်ဆိပ်မှ သစ်လုံးများကို ကသာမြို့ဘက်သို့ သယ်ယူရန် မော်တော်ယာဉ်များပေါ်သို့ သစ်လုံးများတင်ထားသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက တွေ့ရှိရသည်။
နန့်စီးအောင် သစ်ဆိပ်မှ ကညင်သစ်အမျိုးအစား သစ်လုံးကြီးများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အောင်ချမ်းသာ သစ်ဆိပ်သို့ သယ်ယူရန်အတွက် သစ်ထုတ်ရေးဋ္ဌာနမှ ပြင်ပ သစ်သယ်မော်တော်ယာဉ်များကို ငှားရမ်းကာ ပြည်ပရောင်း လပ်ပုံထိုင်ပြီး သစ်လုံးတန် ၂၀၀၀ ခန့်ကို သယ်ယူရန် တင်ဆောင်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီး၏ ခွင့်ပြုချက်လက်မှတ်ရရှိမှသာ သယ်ဆောင်ခွင့်ရမည်ဖြစ်သည့်အတွက် သစ်လုံးများ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ထားပြီး ဖြစ်သော်လည်း ထွက်ခွာခွင့်မရရှိသေးပဲ စောင့်ဆိုင်းနေရသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ကြောင်း ၊ သစ်တင်မော်တော်ယာဉ်တစ်စီးလျှင် သစ်တန်ချိန် ၁၀ တန်ခန့်တင်ဆောင်နိုင်ကြောင်း သစ်တင်မော်တော်ယာဉ်မောင်းသူမှ ပြောပြသည်။ ယင်းသစ်လုံးများကို မည်သည့်ကုမ္ပဏီသို့ ရောင်းချထားသည်ကိုမူ မသိရချေ

No comments:

Post a Comment