Wednesday, February 11, 2015

ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၅




ဖခင်ဗိုလ်ချုပ်
***********

ဖခင်ဗိုလ်ချုပ်
သမီးတို့် မမီလိုက်ပေမဲ့
ဖခင်ဗိုလ်ချုပ်အကြောင်းတွေ
 အဘိုးအဘွားဆီကတဆင့်
ကြားသိခဲ့ရတယ်....။

သမီးတို့ မတွေ့ ဖူးခဲ့ပေမဲ့
စာအုပ်ကြီးထဲမှာ သင်ကြားခဲ့ရတယ် ...။

သမီးတို့ကိုယ်တိုင် မကြုံဖူးခဲ့ပေမဲ့
ဗိုလ်ချုပ်ကိုချစ်သူတွေက
လက်ဆင့်ကမ်းပြောပြခဲ့ကြတယ်...။

ပုံပြင်မဟုတ်တဲ့ လက်တွေ့ဆန်တဲ့
ပြတ်သားတဲ့စိတ်နဲ့
လေးစားစရာ လုပ်ရှားမှုတွေအကြောင်းပေါ့
နိုင်ငံရေး ဆိုတာတွေ နားမလည်သေးတဲ့
သမီးပျိုလေးတို့ရဲ့ရင်ထဲမှာ
ဖခင်ဗိုလ်ချုပ်အကြောင်းအမြဲရှိခဲ့တယ် ...

ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး
အိမ်ဦးခန်းမှာ ဗိုလ်ချုပ်ပုံချိတ်ဆွဲထားတယ်
ဖခင် ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှသည်
နှစ်ပေါင်းများစွာ
လူထုရင်ထဲမှာ ထင်ကျန်နေဦး ....
ဖြိုးသင်ဇာ (လေးတန်သူ)
12.2.15
1:00 am

No comments:

Post a Comment