Saturday, February 7, 2015

မြေပလ္လင်တွင် ရေလှောင်ကန်တည်ဆောက်




မြေပလ္လင်ကျေးရွာ ရေပေးဝေရေးအတွက် အုတ်ရေလှောင်ကန် တည်ဆောက်
မော်လူး၊ ဖေဖော်ဝါရီ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာတွင် အုတ်ရေလှောင်ကန်အား ကျေးရွာသူ/သားများမှ ဖေဖော်ဝါရီ ၇ ရက်နေ့က တည်ဆောက်နေကြကြောင်း သိရသည်။

အဆိုပါ မြေပလ္လင်ကျေးရွာ ရေရရှိရေးအတွက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ရံပုံငွေကျပ်သိန်း ၈၀ ချမှတ်ထားပေးခဲ့ခြင်းဖြစ်ပြီး၊ ရေလှောင်ကန်မှာ အလျား၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိကြောင်း၊ ရေသွယ်ယူခြင်းလုပ်ငန်းကိုမူ ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူကှာဟွေ့မွန်းချောင်းမှ ကျေးရွာသို့ (၁ မိုင် အကွာအဝေးကို) ၄ လက်မ ရေပိုက် ၁၈၀ လုံးခန့်ဖြင့် ရေလှောင်ကန်တည်ဆောက်ရာ နေရာအထိ သွယ်ယူထားပြီး ဖြစ်ကြောင်း၊ ရေလှောင်ကန်ပြီးစီးသွားပါက ကျေးရွာအတွင်းရှိ နေအိမ်များသို့ သန့်ရှင်းကြည်လင်သော သောက်သုံးရေများကို ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း မြေပလ္လင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်မှ ပြောပြသည်။

No comments:

Post a Comment