Saturday, February 7, 2015

နန့်စီးအောင် - ပေကုန်းတွင် နိုင်ငံသား စိစစ်ရေး ကတ်များပြုလုပ်ပေး



အထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
မော်လူး၊ ဖေဖော်ဝါရီ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် -ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်  အထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ခြင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသက် (၁၀)နှစ်နှင့် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား မရှိသေးသူများ၊ အသစ်လှဲလှယ်သူများ၊ ပျောက်ဆုံးသူများအား မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိုးပွင့် အထူးစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးအောင်သူ၊ ဒုဦးစီးမှူး ဦးတင့်ဆွေဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီး နန့်စီးအောင်-ပေကုန်းကျေးရွာ  အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့် (၁)ဒေါ်ဝင်းဝင်းခိုင်နှင့် ကျေးရွာများမှ ရာအိမ်မှူးများက  လိုအပ်သည်များကို ပံ့ပိုးကူညီပေးကာ သုံးရက်တိုင်တိုင် နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်

No comments:

Post a Comment