Saturday, February 7, 2015

mawlu news group မှ ပြုလုပ်မည့် ကဗျာပြိုင်ပွဲ ကြေညာချက်




မော်လူးသူ/သား ကဗျာဝါသနာရှင်များ ခင်ဗျား ... ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့ mawlu news group မှ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ကဗျာ စာမူများကို ဖိတ်ခေါ်အပ်ပါသည်။ mawlu news group မှ အကြိုက်ဆုံး ကဗျာနှစ်ပုဒ်ကို ရွေးချယ်ပြီး ဆုချီြးှမှင့်မည် ဖြစ်ပါသည်။ ပထမဆုအဖြစ် ဖုန်းငွေဖြည့်ကတ် ၁၀၀၀၀ တန်ကတ်|  ဒုတိယဆုအဖြစ် ဖုန်းငွေဖြည့်ကတ် ၅၀၀၀ တန်ကတ်တို့ကို ချီးမြှင့်မည် ဖြစ်ပါသည်။ သို့ပါ၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့နောက်ဆုံးထား၍ ကဗျာစာမူများကို ပေးပို့နိုင်ပါသည်။ ကိုယ်တိုင်ရေး ကဗျာစာမူဖြစ်ကြောင်း ဝန်ခံကတိပါရှိရပါမည်။ မိမိတို့၏ ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြရပါမည်။ စာမူရှင်တစ်ဦးလျှင် ကဗျာ သုံးပုဒ်အထိသာ ပေးပို့နိုင်ပါသည်။ mawlu news group မှ Admin များ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။ ပေးပို့လာသော ကဗျာ အားလုံးကို mawlu news တွင် ဖော်ပြပေးပါမည်။

mawluuvillagers@gmail.com သို့ ပေးပို့ကြပါရန်

with respect,
mawlu news group

ဓာတ်ပုံများအား linaungpyae facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment