Tuesday, February 10, 2015

မလူးကျေးရွာ လေးတန်ချောင်းကူးတံတားကို ကြိုးတံတားအဖြစ်တည်ဆောက်မည်



မလူးကျေးရွာ လေးတန်ချောင်းကူးတံတားအား ကြိုးတံတားအဖြစ် အသစ်ဆောက်လုပ်မည်
မော်လူး၊ ဖေဖော်ဝါရီ ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မလူးကျေးရွာတွင် မိုးရာသီက ရေတိုက်စားပြီး ပျက်စီးသွားသည့် လေးတန်းချောင်းကူးတံတားအား ကြိုးတံတားအဖြစ် အသစ်ပြန်လည် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြိုးတံတားမှာ အကျယ် ၅ ပေ၊ အရှည် ၃၆၀ ပေ(ကမ်းကပ်ခုံအပါ)၊ ချောင်းကမ်းနှစ်ဘက်လုံးတွင် ကမ်းကပ်ခုံအဖြစ် အရှည် ၉၀ ပေစီ ပြုလုပ်မည်ဖြစ်ကြောင်း၊ ကြိုးတံတားဆောက်လုပ်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၇ နာရီက မလူးကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသုဘောဂမှ ပန္နက်တင်ပေးခဲ့ကြောင်း၊ ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ မံဟဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ မလူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ကျေးရွာသူ/သား အင်အား ၂၀၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။ ကြိုးတံတား ဆောက်လုပ်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၁၅၀ ခန့်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုရံပုံငွေမှာ ကျပ်သိန်း ၂၀ ဖြစ်ကြောင်း တစ်လအတွင်း ရွာသူ/သားများ၏ လုပ်အားဒါနဖြင့် တစ်လအချိန်ယူကာ ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment