Tuesday, February 10, 2015

ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၃




ဖခင်​ကြီးသို့ ဂုဏ်​ပြုအလွမ်း
•••••••••••***••••••••••••

ကိုယ်​ကျိုးမငဲ့၊တိုင်းပြည့်​အကျိုးဆက်​သည်

ရဲရင့်​ရိုးသား၊သူဇာနည်​ကား

နိုင်​ငံ့အတွက်​၊သန္ဓိဌာန်​အညီ

အသက်​ကိုတည်​လို့

ပေးဆပ်​ကာသွား၊ကျားဆိုမှကျားပဲ။

လေးစားထိုက်​သူ၊သူလိုလူကား

ဇမ္ဗူတစ်​လွှား၊ရှားမှရှားသည့်

လူထူးလူဆန်း၊ဗိုလ်​ချုပ်​​အောင်​ဆန်းတည်း။

သူ​မျှော်​မှန်းကာရည်​၊ချစ်​ကြည်​ငြိမ်းချမ်း

စိမ်းလန်းစိုပြည်​၊ကမ္ဘာသစ်​ဆီသို့

တိုင်းဝှမ်းမြန်​ပြည်​၊တိုးတက်​ဆီသို့။

ပြည်​လူထုက၊​လေးစားစံပြု

ပြည်​သူ့ချစ်​ပန်း၊ဗိုလ်​​အောင်​ဆန်းကို

သက်​တစ်​ရာပြည့်​တိုင်​၊မ​မေ့နိုင်​ခဲ့ပြီ

ပြည်​သူ့ရင်​ထဲ၊အစဉ်​အမြဲ​ပေမို့။

အလွမ်း​တွေနဲ့ မ​မေ့နိုင်​အတည်

ရည်​မှန်းဦးညွတ်​ ဂုဏ်​ပြုသည်

ပြည်​သူ့ချစ်​ဖခင်​ကြီး ဗိုလ်​ချုပ်​​အောင်​ဆန်းသို့။
                       
                       
                                                   ဝမ်းတူတူး

No comments:

Post a Comment