Wednesday, February 4, 2015

လယ်ယာသုံး အိမ်သုံးသံထည်များ ရောင်းချခြင်းနှင့်ပတ်သက်၍




ဘုရားပွဲတော်တွင် ရောင်းချသည့် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများတွင် ဓါးမြှောင်၊ ဓါးချွန်များ ပါဝင်နေမှု ပွဲတော် လုံခြုံရေးကို ထိခိုက်နိုင်
မော်လူး၊ ဖေဖော်ဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် အနယ်နယ်အရပ်ရပ်မှ ဈေးသည်များမှ လာရောက်ရောင်းချကြသဖြင့် ပစ္စည်းအမျိုးစုံလင်လှသည်။ ထိုသို့ ရောင်းချကြသည့် အမျိုးအစားစုံလင်လှသော ပစ္စည်းများထဲတွင် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ၊ အိမ်သုံးသံထည်ပစ္စည်းများနှင့် တွဲဖက်ရောင်းချလျှက်ရှိသော ဓါးမြှောင်အမျိုးမျိုးနှင့် ဓါးဦးချွန်များပါဝင်လျှက်ရှိသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလှသဖြင့် ပွဲတော်တွင် လုံခြုံရေးတာဝန်ကို ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများအတွက် တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်လာပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ပွဲတော်စည်ကားမှုကို ထိခိုက်နိုင်သလို ပွဲတော်ကျင်းပခွင့်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ပွဲတော်အတွင်း ရောင်းချလျှက်ရှိသော လယ်ယာလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များတွင် ဓါးမြှောင်အမျိုးမျိုးနှင့် ဓါးဦးချွန်များကို ရောင်းချနေခြင်းသည် ပွဲတော်လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း၊ ရောင်းချလျှက်ရှိသော ဓါးများကို လုပ်ငန်းခွင်တွင် အသုံးပြုရန် ဝယ်ယူသူများ ရှိသကဲ့သို့ ခိုက်ရန်ဖြစ်ပွားရာတွင် အသုံးပြုရန် ကြိုတင်ကြံစည်ပြီး ဝယ်ယူသူများလည်း ပါဝင်နိုင်သဖြင့် ပွဲတော်လုံခြုံရေးကို စိုးရိမ်ရကြောင်း သို့အတွက် ပွဲတော်အတွင်း အဆိုပါပစ္စည်းများ ရောင်းချနေမှုကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ဒေသခံတစ်ဦးထံမှ ကြားသိရသည်။

cyclone


No comments:

Post a Comment