Sunday, May 3, 2015

မူလတန်းဆရာ အတတ်ပညာသင်တန်းဖွင့်


အင်းတော်မြို့တွင်  မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ သင်တန်းဖွင့်ပွဲကျင်းပ
> အင်းတော်၊ မေ ၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် မေလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
> သင်တန်းဖွင့်ပွဲတွင် အင်းတော်မြို့နယ် ပညာရေးမှူး ဦးကျော်စံလင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယခုဖွင့်လှစ်သည့် သင်တန်းတွင် တိုင်းအဆင့် နည်းပြသင်တန်းဆင်းပြီးသူ ၁၃ ဦးမှ သင်တန်းနည်းပြအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သင်တန်းသား/သူ  ၁၇၅ ဦး တက်ရောက်လျှက်ရှိပြီး နံနက် ၆ နာရီ မှ  ညနေ ၄ နာရီ ၄၅ မိနစ်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း၊ ၂၀၁၄/၁၅  ပညာသင်နှစ်တွင် ခန့်အပ်ထားခဲ့သည့် နေ့စားလပေး မူလတန်းပြ ဆရာ/မများကို ၂၀၁၅/၁၆ ပညာသင်နှစ်အစ နွေရာသီသင်တန်းပေးပြီးမှ အစိုးရခန့် ဆရာ/မများအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း၊ သင်တန်းသား/သူ ၁၇၅ ဦးအား သင်တန်းကာလအတွင်း စားသောက်ရေးအတွက် နန့်စီးအောင် ပညာရေးအုပ်စုမှ တာဝန်ယူကျွေးမွေးမည်ဖြစ်ပြီး၊ နေထိုင်ရေးအတွက်မူ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆောင်ရွက်ပေးကြောင်း ပညာရေးရပ်ဝန်းမှ သိရသည်။
>

No comments:

Post a Comment