Sunday, May 3, 2015

အင်းတော်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ တားဆီးကာကွယ်ရေးဆောင်ရွက်


အင်းတော်မြို့တွင် နိုင်ငံတော် အမျိုးသားရေး စီမံချက်ဖြင့် သွေးလွန်တုပ်ကွေး ခြင်လောက်လန်းများ နှိမ်နင်းရေး ဆောင်ရွက်
အင်းတော်၊ မေ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်တွင် မေလ ၂ ရက် နံနက် ၇ နာရီက နိုင်ငံတော် အမျိုးသားရေး စီမံချက်ဖြင့် သွေးလွန်တုပ်ကွေး ခြင်လောက်လန်းများ နှိမ်နင်းရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အင်းတော်မြို့နယ် ဆရာဝန် ဒေါက်တာ ကျော်ကျော်လင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ အင်းတော်မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးမှူး ဦးတင်အန်း၊ အင်းတော်မြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့် ဝန်ထမ်းများ၊ အောင်ဇေယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွှန့်ရွှေ၊ အင်းတော်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ လိုက်ပါလျှက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးအတွက် နေအိမ်များရှိ ရေသိုလှောင်ထားရှိသည့် ရေလှောင်ကန်များ၊ စဥ့်အိုးများ၊ ရေအိုးများအစရှိသည်တို့အား နေ့စဉ် သို့မဟုတ် သုံးရက်တစ်ကြိမ် ဖုံးသွန်လဲစနစ်ကျင့်သုံးရန် အသိပညာပေးဟောပြောခြင်း စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သွေးလွန်းတုပ်ကွေးရောဂါကာကွယ်တားဆီးရေးအတွက် စနေနေ့တိုင်း ယခုကဲ့သို့ ရပ်ကွက်များအတွင်းသို့ လှည့်လည် စစ်ဆေးပြီး အသိပညာပေးဟောပြောခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်

No comments:

Post a Comment