Sunday, May 3, 2015

တိုးချဲ့ကျောင်းဆောင်များဆောက်လုပ်ရန် ပန္နက်ရိုက်


မော်လူး အထက တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကျင်းပ
မော်လူး၊ မေ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းတွင် မေလ ၂ ရက် နံနက် ၇ နာရီအချိန်က တိုးချဲ့ကျောင်းဆောင်သစ် နှစ်ဆောင် ဆောက်လုပ်ရန်အတွက် ပန္နက်တင် မင်္ဂလာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လူး အခြေခံပညာအထက်တန်းကျောင်းတွင် လက်ရှိ ကျောင်းသား/သူဦးရေ ၂၂၂၅ ယောက်ရှိပြီး နှစ်စဉ်တိုးမြင့်လာသော ကျောင်းသားဦးရေများအပေါ် မူတည်၍ ကျောင်းဆောင်အဆောက်အဦးများ လိုအပ်လျှက်ရှိရာ ထိုအခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရန်အတွက် ပညာရေးဝန်ကြီးဋ္ဌာနမှ ငွေလုံးငွေရင်း ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀၈)သိန်းကို ချမှတ်ပေးထားခဲ့ကြောင်း၊ ၄င်းငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ အမြင့် ၂၃ ပေရှိ SS 2,4  အုတ်ညှပ်သွပ်မိုးနှစ်ထပ်ကျောင်းဆောင် နှစ်ဆောင်ကို ဆောက်လုပ်နိုင်ရန် ပန္နက်တင် မင်္ဂလာကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီများထံမှ သိရသည်။
ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၊ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်နှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်

No comments:

Post a Comment