Thursday, April 21, 2016

မော်လူးတွင် မေတ္တာအားမာန် လူမှုကူညီရေးအသင်း(နာရေး)ကိုဖွဲ့ စည်း တယ်တဲ့



မော်လူးတွင် မေတ္တာအားမာန်
လူမှုကူညီရေးအသင်း(နာရေး)ကိုဖွဲ့ စည်း
****************************
ဧပြီ ၂၀ရက်နံနက်၁၀နာရီအချိန်က
ကသာခရိုင် အင်းတော်မြို့ နယ်
မော်လူးအုပ်ချုပ်ရေးမှူးရုံးမှာ
မေတ္တာအားမာန်လူမှု ကူညီရေးအသင်း
( နာရေး)ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်းသိရပါတယ်
ယခုအဖွဲ့ အစည်းဟာ အဓိကအားဖြင့် မိမိတို့ ၏ နောက်ဆုံးနေဝင်ချိန် ဖြတ်သန်းရမည့်  ဘဝခရီးကို အခက်အခဲမရှိ အဆင်ပြေစေနိုင်ရန်ရည်ရွယ်လျက်
ကူညီဆောင်ရွက်ပေးနိုင်မည့် နာရေးကူညီမှု
လုပ်ငန်းများကိုအဓိကထား၍
လုပ်ဆောင်မည့်  အသင်းကိုဖွဲ့ စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း ဆင်းရဲနွမ်းပါးချို့ တဲ့သူများ ဒေသန္တရခရီးသွားများ အကြောင်းအမျိုးမျိုး ကြောင့်နာရေးအခက်အခဲနှင့်ကြုံတွေ့ ရာတွင်ကူညီနိုင်ပေးနိုင်ရန်နှင့် မော်လူးဒေသ(၁၀)အုပ်စု ကျေးရွာ(၄၃)ရွာ အတွင်း၌ အခက်အခဲရှိသူများကို ကူညီပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး မေတ္တာအားမာန်နာရေးကူညီမှု အသင်းကို စတင်ဖွဲ့ စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း
သိရပါတယ်
အဆိုပါအသင်းတွင်နာယကများအဖြစ် မော်လူးအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့် တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာဝတ်မှုံ ထွန်း ဦးဆောင်သောနာယကအဖွဲ့ ဝင်များ အသင်းခေါင်းဆောင် ဦးအောင်ရွှေ(ဆံရှည်) ဦးအောင်အောင် (ပညာရေး)နှင့်အဖွဲ့ တို့  ပါဝင်ကြောင်း အသင်းအဖွဲ့ အစည်းအတွက်လှူ ဒါန်းလိုပါက အဖွဲ့ ဝင်ဦးချိတ်
(ခိုင်ဝင်းလဲ့ ကွန်ပျူ တာ) ၀၇၅-၆၅၁၅၄ ၀၉-၉၆၂၀၀၀၈၅၄ နှင့် ဦးစိုးမြင့် (မော်လူးအုပ်စုအုပ်ချုပ်ရေးမှူး)
၀၉-၉၆၂၀၀၅၈၅၅ သို့ ဆက်သွယ်လှူ ဒါန်း
နိုင်ကြောင်းသိရသည်
Cyclone

No comments:

Post a Comment