Thursday, April 21, 2016

ရဟန်းတော်များ ပရိတ်ရွတ်နေရင် လူဝတ်ပုဂ္ဂိုလ်များ လိုက်မရွတ်ဖို့ သိသလိုလို ရသလိုလိုနဲ့ သူများအတွက် မှတ်သားဖွယ်



ရဟန်းတော်များ ပရိတ်ရွတ်နေရင်
လူဝတ်ပုဂ္ဂိုလ်များ လိုက်မရွတ်ဖို့
**********************************
ဗဟုသုတလေးပါ
ပရိတ်က သူများအကျိုးရစေချင်ရင် ကိုယ်ကရွတ်ပေး။
ကိုယ်ကအကျိုးရချင်ရင် သူများရွတ်တာကိုနာယူရတယ်တဲ့။
ဘုရားရှင်ကိုယ်တော်တိုင် မကျန်းမာတဲ့အခါ
စုန္ဒမထေရ်ကို ဗောဇ္ဈင်္ဂသုတ် ရွတ်စေပြီး နာယူတော်မူတယ်တဲ့။
ရဟန်းတော်များဟာ လူဝတ်ကြောင်များနဲ့ ပါဋ္ဌိကို
ပုဒ်ပြိုင်မရွတ်ရလို့ ပညက်ချက်ရှိတယ်
ရဟန်းများအာပတ်သင့်တယ်။
အရင်ကမသိခဲ့မိလို့ လိုက်ဆိုခဲ့မိတယ်။ဒါကြောင့်
မသိတဲ့သူငယ်ချင်းတွေလည်း သိရအောင် တင်လိုက်တာပါ။
ကျန်းမာကြပါစေခင်ဗျာ။

No comments:

Post a Comment