Thursday, April 21, 2016

နှစ်သစ်မှာ လေးတန်ရိုးက လုပျိုကြီး ကဗျာတစ်ပုဒ် နဲ့ ဖေ့ဘုတ် မှတဆင့် ပေါက်ကွဲထားတယ်ဗျာ



အိပ်ရာက နိုး အိမ်ခေါင်မိုးက
စာလေးနှစ်ကောင် လှောင်ပြောင်ကြတယ်
ချစ်ချစ် ချစ်ချစ် နှစ်သစ်မှာ
အချစ်သစ် ရပြီလား....တဲ့..
စိတ်ညစ်ညစ်နဲ့ ရွာပြင်ထွက်
ဥသြ ငှက်က တွန်ပြန်တယ်လေ
ဖော်ဝေး ဖော်ဝေး 
အဆွေးသမားလေး သနားပါတယ် တဲ့
လယ်ပြင်ထဲက မိုးတောင်းတ တဲ့
ဖားကတစ်ခါ ဘွ ဘွ ဘွ ဘွ
ဘဝဆိုတာ ချိုတစ်လှည့် ခါးတစ်လှည့်.
ကျွဲတစ်သင်းနဲ့ တွေ့ပြန်တဲ့အခါ
ငှဲ့ ငှဲ့ ငှဲ့နေတာကိုး ကွ တဲ့လေ..
လေးတန်ကမ်း သဖန်းပင်က
ချိုးကလေးက တခူးကူး 
တခူးကူး တန်ခူး ကူးသွားပြန်ပြီကွာတဲ့လေ....
လေးတန်ချောင်းထဲ ဘဲတစ်အုပ်က
အော်စုတ်သွားတာ ရစရာမရှိအောင်
ဘတ် ဘတ် ဘတ်
ဘတ်ဂျက်မရှိရင် နင် ဒီတိုင်းပါပဲတဲ့..
ဘာဆက်လုပ်ရမှန်း မသိချိန်
ဗျိုင်းတစ်ကောင် ထအော်သည်က
အောက် အောက် အောက်
တစ်နှစ် အောက်သွားပြန်ပြီ 
Ko Mg ရေ..တဲ့လေ .....။

---------------------=======---------

No comments:

Post a Comment