Friday, August 23, 2013


နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ဟောပြော

မိုးညှင်း၊ သြဂုတ် ၂၀

@@@@@@@@@@@@@@@@@@@

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာ အုပ်စု၊ မြိုင်သာယာကျေးရွာ၊ လမင်းအိမ်စာကြည့်တိုက်တွင် သြဂုတ် ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်က မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန မိုးညှင်းမြို့နယ် ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် အဖွဲ့ဝင်များမှ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကိုလည်း အဆက်မပြတ်ပြောင်းလဲပြသပေးရန်အကြောင်းတို့ကို ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မိုးညှင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ၂၀၁၄ ခုနှစ် မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဖွားသေစာရင်း၊ မှတ်ပုံတင်စာရင်း၊ အိုသေ၊ အိုခွဲ အစရှိသည့် စာရင်းကောက်ယူရမည့် နည်းစနစ်များကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပညာပေးဟောပြောပြီး ဆက်လက်၍ မြိုင်သာယာကျေးရွာ လမင်းအိမ်စာကြည့်တိုက် အတွက် မြို့နယ်မှ ရံပုံငွေအဖြစ် တစ်ဆယ်သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ စာကြည့်တိုက်မှူးနှင့် လိုအပ်သောပံ့ပိုးမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စာကြည့်တိုက် ရံပုံငွေ၊ စာအုပ်စာတမ်းအစရှိသည့် စာရင်းဇယား လုပ်နည်းလုပ်ဟန်တို့ကိုလည်း စနစ်တကျ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများက ၀ိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန်လိုအပ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မိုးညှင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် အဖွဲ့ဝင်များ၊ ပင်လုံအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်(မြိုင်သာယာ)၊ ပင်လုံ၊ မြိုင်သာယာ၊ နန့်စီးအောင်၊မြိုင်သီတာ၊ သာယာကုန်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လူငယ်လူရွယ်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

neetoe (mwl)

No comments:

Post a Comment