Friday, August 23, 2013

ကိုယ်ထူကိုယ်ထ ရေရှိရေးဆောင်ရွက်နေသည့် ဥသျှစ်ကုန်း ကျေးရွာသို့ အလှူငွေ ပေးအပ်...


ကိုယ့်အားကိုယ်ကိုး သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် အလှူငွေပေးအပ်
မော်လူး၊ သြဂုတ် ၂၂
@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပုန်းဟုန်အုပ်စု၊ ဥသျှစ်ကုန်းကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသော ကိုယ့်အားကိုယ်ကိုး သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် အလှူငွေပေးအပ်ပွဲကို သြဂုတ် ၂၂ ရက်နေ့က ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အလှူငွေပေးအပ်ပွဲသို့ ရေရရှိရေး ဦးစီးနာယကများဖြစ်ကြသည့် ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော် ဦးဓမ္မပီယ၊ တောရကျောင်းဆရာတော် ဦးသာသန၊ မော်လူးဒေသမှ One Candle စေတနာရှင်လူငယ်များအဖွဲ့၊ အင်တော်မြို့ "သန့်" သွေးလှူရှင်အသင်းမှ အဖွဲ့ဝင်များ၊ ဥသျှစ်ကုန်းကျေးရွာ ရေရှိရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သိရသည်။ ဥသျှစ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် ရန်ကုန်မြို့မှ အလှူရှင်တစ်ဦးက လှူဒါန်းခဲ့သည့် ငွေကျပ်တစ်ဆယ်သိန်းအား One Candle စေတနာရှင်လူငယ်များအဖွဲ့မှ ဦးအောင်နိုင်နှင့် ဦးအောင်ကျော်မိုးတို့က ပေးအပ်လှူဒါန်းရာ ရေရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖိုးမဲမှ လက်ခံရယူပြီး ဆရာတော် ဦးသာသနမှ ၄င်းကျေးရွာသည် နွေရာသီနှင့် ဆောင်းရာသီတွင် ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ ရေရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

2 comments:

  1. ဓါတ်ပုံ ၁ ပုံထဲတင် ကြာ လို့ စောင့်ရတာ

    ReplyDelete
  2. အမယ်လေးဗျာ...ကြည့်ရတဲ့လူက ကြာတယ်ပြောနေတယ်...
    တင်ရတဲ့ လူကိုလည်းးး စာနာပါဦးးဗျာ.....
    လိပ်ဘိုးဘိုးးးကွန်နက်ရှင်နဲ့...လုပ်နေရတာပါ.....

    ReplyDelete