Friday, August 23, 2013

နန့်စီးအောင် ပေကုန်း အလယ်တန်းကျောင်းခွဲသို့ ရေသန့်စင်စက် လှူဒါန်း





နန့်စီးအောင် ပေကုန်း အလယ်တန်းကျောင်းခွဲသို့ ရေသန့်စင်စက် လှူဒါန်း

မော်လူး၊ သြဂုတ် ၁၉

 
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ နန့်စီးအောင် ပေကုန်းကျေးရွာ အခြေံပညာ အလယ်တန်းကျောင်းခွဲသို့ ရေသန့်စင်စက် (၁၀၀၀)လီတာ နှစ်လုံးအား လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရေသန့်စင်စက်အား နန့်စီးအောင် ပေကုန်းကျေးရွာမှ ပုညမာမက လူမှုကူညီရေးအသင်းအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့ ဦးဝင်းစိုး + ဒေါ်မြင့်ရီ၊ နန့်စီးအောင် သစ်ထုတ်ရေးမှ ဦးမျိုးမျိုး+ ဒေါ်ညိုညိုခိုင်နှင့် အများပြည်သူ အလှူရှင်များက ပူးပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရေသန့်စင်စက်နှစ်လုံးအတွက် ကုန်ကျငွေ ကာလတန်ဖိုး (၁၄)သိန်း ကုန်ကျကြောင်း သိရသည်။ ရေသန့်စင်အတွက် လိုအပ်သောရေကို ရရှိရန် ရေတွင်းမှ သွယ်ယူရခြင်းဖြစ်ပြီး၊ ရေတွင်းနှင့် ရေကန် အလှူရှင်များမှာ နန့်စီးအောင် ပေကုန်းကျေးရွာ ဦးမြင့်ဇော်ဦး + ဒေါ်မြင့်မြင့်အေး မိသားစုတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရေသန့်စင်စက်အား ၁.၇.၂၀၁၃ရက်နေ့တွင် နန့်စီးအောင် ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ ပုညမာမက လူမှုကူညီရေးအသင်းအဖွဲ့၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများတက်ရောက်ကာ ပေးအပ်လှူဒါန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရေသန့်စင်စက် တပ်ဆင်ထားပြီး ဖြစ်၍ နန့်စီးအောင် ပေကုန်း အလယ်တန်းကျောင်းခွဲ ကျောင်းသား/သူ ၅၉၆ ဦး၊ ဆရာ/မ ၁၈ ယောက်အတွက် သောက်ရေသန့်ကို လုံလုံလောက်လောက် သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း၊ နန့်စီးအောင် ပေကုန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲအား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ်သို့ တိုးမြင့်ပေးရန် ပညာရေးဋ္ဌာနသို့ တင်ပြတောင်းခံထားကြောင်း သတင်းရရှိသည်။

k.m.s (mwl)

No comments:

Post a Comment