Friday, August 23, 2013





မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးသို့ မြန်မာပိတောက် ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်

မော်လူး၊ သြဂုတ် ၂၀


@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးတွင် နံနက်(၁၀)နာရီက မြန်မာပိတောက် ကုမ္ပဏီမှ တာဝန်ရှိသူများက ၀င်ရောက်ကာ ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တာဝါတိုင်များကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှု့လေ့လာသုံးသပ်ခဲ့ကြကြောင်း သိရသည်။
မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးသို့ လာရောက်ခဲ့ကြသည့် မြန်မာပိတောက် ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်နိုင်၊ အင်ဂျင်နီယာချုပ် ဦးဝင်းနိုင်၊ မန်နေဂျာ ဦးဇော်ကွန်းတို့သည် မော်လူး မြန်မာ့ဆက်သွယ်ရေး တာဝန်ခံ ဦးစောကုလမောင်နှင့် တွေ့ဆုံကာ ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တာဝါတိုင်များ ကြံ့ခိုင်မှု အခြေအနေများနှင့် ဆက်သွယ်ရေးနှင့် ပတ်သက်သည့်နည်းပညာအကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာပိတောက် ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးမိုဘိုင်းစက်များကို ထိန်းသိမ်းမည့် ကုမ္ပဏီဖြစ်ကြောင်း၊ ဒေသခံပညာတတ်ဘွဲ့ရလူငယ်များကိုလည်း အလုပ်ခန့်အပ်ရန် အစီအစဉ်များရှိကြောင်း မြန်မာပိတောက်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

k.m.s(mwl)

No comments:

Post a Comment