Sunday, January 25, 2015

သမိုင်း

ဟေ့ >>မင်းရဲ့သမိုင်း  မရိုင်းစေနဲ့
          ရောင်စုံလှပ  လူ့လောကကို
           အမည်းစက်တွေ မင်း မခြယ်ခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း  မရိုင်းစေနဲ့
        ပြုံးပျော်ရွှင်ပျ  သူတို့ဘဝကို
        စီးစေမျက်ရည် မင်း မချွေခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
       စည်းလုံးညီညာ များတကာကို
      သွေးဆောင်ဝင်ဆွဲ မင်း မခွဲခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
      သူ့အမြင်သူ့အတွေး လွတ်လပ်ရေးကို
     သြဇာအာဏာ လွှမ်းမိုးကာနဲ့
    တင်းကျပ်ပုံသွင်း မကျူးကျော်နင်းခဲ့လေနဲ့

တိုတောင်းကာလ  လူ့ဘဝမှာ
ကောင်းရာကိုညွှန် ကောင်းတာကိုလုပ်
အပိုမပါ  ဝမ်းတထွာအတွက်
မမှန်စကား  မုသားများနဲ့
လောကကိုဖျက် အများအတွက်
နာကျည်းစရာ  ဒဏ်ရာတွေနဲ့
မထားခဲ့နဲ့ ။ ။ ။ ။ ။
*****************
မေလ်းထဲ ရောက်လာတဲ့ ကဗျာလေးပါ။

No comments:

Post a Comment