Sunday, January 25, 2015

ဒီပင်္ကရာ စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲ



သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ကိုးတိုက်နယ် (၁၀)အုပ်စု၏ သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀(ဇန်နဝါရီ ၂၉)ရက်နေ့မှ စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ (ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၃)ကျင်းပမည်ဖြစ်ပြီး၊ တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ဒေသတွင်း ရဟန်းသံဃာတော်များ ပင့်သံဃာတော်များကို ဆွမ်းဆန်လောင်းလှူကြမည်ဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် မန္တလေးဆန်းလင်းဇာတ်အဖွဲ့မှ ဖျော်ဖြေမည်ဖြစ်ပြီး၊ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ၊ ကလေးကစားစရာပစ္စည်း အစရှိသည့်တို့ကို စုံလင်စွာ ရောင်းချကြမည်ဖြစ်ကြောင်း၊ ဒီပင်္ကရာစေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ မန္တလေးမြို့၊ မြစ်ကြီးနားမြို့များမှ ဈေးသည်များလာရောက်ရောင်းချကြသကဲ့သို့ ပွဲတော်သို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြသည့် နှစ်စဉ်ကျင်းပမြဲ ပွဲတော်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment