Sunday, January 25, 2015

မော်လူး နန့်စီးအောင်ကြား ကားလမ်းတံတားများ ပြုပြင်


ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပင်ဝဲ - မော်လူး - နန့်စီးအောင်ကြားရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားများအား ပြုပြင်ထိန်းသိမ်းခြင်းကို လမ်း စီမံကိန်း အထူးအဖွဲ့(၁)မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မော်လူး - နန့်စီးအောင်ကြားရှိ ကျိုးရွဲ့စောင်းနေသည့် အရှည် ၅ပေ၊ ၁၀ ပေရှိ အသားတံတားများကို မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ပထမအဆင့်အနေဖြင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ယင်းတံတားများအား ကွန်ကရစ်တံတားများအဖြစ် အဆင့်မြင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့က တံတားအမှတ် ၁၆၂ တွင် တံတားပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် လမ်းအထူးအဖွဲ့(၁)မှ ယာဉ်မောင်း ဦးစိုးဝင်းအောင်က ပြောပြသည်။


No comments:

Post a Comment