Sunday, January 25, 2015

ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ ထွက်ခွာ



မော်လူး အထကမှ ကျောင်းသူ/သားများ ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ မီးရထားဖြင့်ထွက်ခွာ
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/သားများသည် ဘက်စုံထူးချွန်စာမေးပွဲဖြေဆိုရန် ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီခန့်က အထူးအမြန်ရထား(အမှတ် ၅၆၊ အစုန်)ဖြင့် မော်လူးမီးရထားဘူတာ စီးနင်းလိုက်ပါသွားကြကြောင်း သိရသည်။
၂၀၁၄/၁၅ ပညာသင်နှစ် ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် မော်လူးအခြေခံပညာအထက်တန်းကျောင်းမှ  အထက်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်စန်း ဦးစီးပြီး ဒသမတန်(GRADE 11)မှ ကျောင်းသူ/သား ၆ ဦး၊ နဝမတန်း(GRADE 10)မှ ကျောင်းသူ/သား ၅ ဦး၊ အဋ္ဌမတန်း(GRADE 9)မှ ကျောင်းသူ/သား ၂ ဦး စုစုပေါင်း ကျောင်းသူ/သား ၁၃ ဦး သွားရောက်ဖြေဆိုကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘက်စုံထူးချွန် စာမေးပွဲကို အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများသည် ခရိုင်၊ တိုင်းအထိ သွားရောက်ဖြေဆိုကြရမည်ဖြစ်ကြောင်း မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောပြသည်။

No comments:

Post a Comment