Friday, January 9, 2015

စက်ပိုင်ရှင်များ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှု ဆောင်ရွက်ပေး


စက်ပိုင်ရှင်များအား လုပ်ငန်းလိုင်စင်သက်တမ်း တိုးမြင့်ခြင်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာတွင် ဆန်စက်ပိုင်ရှင်များအား အင်းတော်မြို့ စီးပွားကူးသန်း ကုန်သွယ်မြင့်တင်မှု ဦးစီးဋ္ဌာနမှ ဇန်နဝါရီ ၅ ရက်နေ့က လုပ်ငန်းလိုင်စင် သက်တမ်း တိုးမြင့်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းလုပ်ငန်းလိုင်စင် သက်တမ်း တိုးမြင့်ဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ စီးပွားကူးသန်း ကုန်သွယ်မြင့်တင်မှု ဦးစီးဋ္ဌာန မြို့နယ်တာဝန်ခံ ဦးကြည်နိုင်ဦး၊ အကူ ဦးမျိုးနိုင်တို့သည် ဆန်စက်ပိုင်ရှင်များအား SME အသေးစား စက်မှုလက်မှု လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဆန်စက် ၁၂ လုံးကို လုပ်ငန်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်း လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

No comments:

Post a Comment