Friday, January 9, 2015

မော်လူးဘူတာနှင့် ပင်ဝဲဘူတာကြား ဖားတုံးများလဲလှယ်တပ်ဆင်



မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပင်ဝဲဘူတာနှင့် မော်လူးဘူတာကြား မီးရထားလမ်း အဆင့်မြင့်တင်ခြင်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ပင်ဝဲဘူတာနှင့် မော်လူးဘူတာကြား မီးရထားလမ်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်၍ ကွန်ကရစ် ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်ကာ မီးရထားလမ်း အဆင့်မြင့်တင်ခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယင်းမီးရထားလမ်း ကွန်ကရစ် ဇလီဖားတုံး လှဲလှယ်တပ်ဆင်ခြင်းကို အင်းတော်မီးရထားဘူတာမှ လမ်းဗိုလ်ကြီး ဦးတင်လှ ဦးဆောင်ပြီး မော်လူးမီးရထားဘူတာမှ လမ်းဗိုလ်လေး ဦးထင်လတ်အောင်နှင့်ပြင်ပ သံလမ်းအလုပ်သမား ၁၅ ဦးတို့သည် သစ်သားဇလီဖားတုံးများနေရာတွင် ကွန်ကရစ်ဇလီဖားတုံးများဖြင့် လှဲလှယ်တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး တစ်ရက်လျှင် ဇလီဖားတုံး ၅၀တုံး လှဲလှယ်ဆောင်ရွက်နိုင်ကြောင်း၊ ပင်ဝယ်ဘူတာနှင့် မီးရထားဘူတာကြားတွင် ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်ပြီးစီးပါက မော်လူးမီးရထားဘူတာယာဒ်ဝင်းရှိ မီးရထားလမ်းများအား ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

No comments:

Post a Comment