Friday, January 9, 2015

မြိုင်သာယာကျေးရွာတွင် တာဝါတိုင် စိုက်တော့မည်

ကချင်ပြည်နယ် မြိုင်သာယာကျေးရွာတွင် GSM ဖုန်း တာဝါတိုင် စိုက်ထူတော့မည်
မိုးညှင်း၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် အောင်မြင့်ကြိုင် ကုမ္ပဏီမှ တာဝန်ယူကာ GSM ဖုန်းတာဝါတိုင်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်စိုက်ထူတော့မည်ဖြစ်ကြောင်း သိရသည်။
စိုက်ထူမည့် ဖုန်းတာဝါတိုင်မှာ ဖောင်ဒေးရှင်းအပါ အမြင့် ၇၀ မီတာ(၂၂၀ ပေခန့်)၊ အကျယ် ၁၅ မီတာ ပတ်လည်(၄၅ ပေခန့်)၊ မြေကြီးအတွင်းသို့ အနက် ၁၀ ပေခန့်ရှိမည်ဖြစ်ကြောင်း၊ ဖုန်းတာဝါတိုင် စိုက်ထူခြင်းကို အောင်မြင့်ကြိုင် ကုမ္ပဏီမှ တာဝန်ယူကာ လုပ်သားအင်အား ၂၀ဦးခန့်ဖြင့် ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၂၀ အတွင်း အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း အောင်မြင့်ကြိုင်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

No comments:

Post a Comment