Friday, January 9, 2015

နန့်စီးအောင် အလက ရှေ့ ကတ္တရာ လမ်းပြုပြင်


ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး ကတ္တရာလမ်းသား တိုးချဲ့ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး ဖြတ်သန်းသွားရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင်-ပေကုန်းကျေးရွာတွင် လမ်းမကြီးအား ကတ္တရာလမ်းသား တိုးချဲ့ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်က လမ်းအထူးအဖွဲ့(၂)မှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယင်း လမ်းအထူးအဖွဲ့(၂)မှ SAE ဦးမြင့်သန်းအောင် ဦးစီးပြီး လမ်းအဖွဲ့ခေါင်း ဦးကျင်တိတ်မှ တာဝန်ယူကာ လုပ်သားအင်အား ၆၀ ဦးဖြင့် လမ်းအကျယ် ၂၄ ပေ၊ အရှည် ၂ ဖာလုံကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ နန့်စီးအောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှေ့ရှိ ပျက်စီးနေသော ကတ္တရာလမ်းအား အမြင့် ၈ လက်မထု၊ အရှည် ၄ ဖာလုံ အထိ အောက်ခံကျောက် ၂×၄ ၊ အပေါ်ပိုင်း ၁×၂ ကျောက်များဖြင့် ထိန်းသိမ်းရေးအဖြစ် နေ့စဉ် နံနက် ၇ နာရီမှ နေ့လည် ၁၁နာရီခွဲအထိလည်းကောင်း၊ နေ့လည် ၁၂ နာရီခွဲမှ ညနေ ၄ နာရီအထိလည်းကောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိကြောင်း လမ်းအထူးအဖွဲ့(၂) လမ်းအဖွဲ့ခေါင်းမှ ပြောပြသည်။

No comments:

Post a Comment