Friday, February 13, 2015

အုန်းဒုတ် မူလတန်းလွန်ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေကျင်းပ




အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ
မော်လုး၊ ဖေဖော်ဝါရီ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ဆရာ/မများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြုကော်မတီဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးမှ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ်ပွဲကျင်းပရခြင်းအကြောင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာများကို ပြောကြားပြီး ထူးချွန်ဆုရ ကျောင်းသား/သူလေးများက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကဗျာရွတ်ဆိုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းကို ဗိုလ်ချုပ်အောင်ဆန်း၏ ဟန်ပန်အသံအနေအထားအတိုင်း ပြန်လည်ပြောကြားခြင်းများဖြင့် တက်ရောက်လာကြသူများကို တင်ဆက်ဖျော်ဖြေခဲ့သည်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူလေးများကို တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ကာ ကျောင်းသား/သူလေးများ၏ အကပဒေသာများနှင့်အတူ အာဟာရဒါနအဖြစ် ကြာဇံဟင်းလျာဖြင့် တည်ခင်ဧည့်ခံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment