Friday, February 13, 2015

ကဗျာပြိုင်ပွဲသို့ ရောက်ရှိလာသည့်ကဗျာ ၇





ဗိုလ်ချုပ် ရာပြည့်ပွဲ
*************

အခု ...
ဒီနေ့ ၂၀၁၅
ဖေဖော်ဝါရီ ၁၃ ဖွား
ဗိုလ်ချုပ်မွေးနေ့ ရာပြည့်သွား
တို့ပြည်သူတွေ စည်လုံးလို့
ရာပြည့်ပွဲကို ကျင်းပစို့ ...။

ရည်ရွယ်ချက်နဲ့ ကျင်းပဟန်
ဗိုလ်ချုပ်ကဲ့သို့ လုပ်ဆောင်ရန်
အစဉ်ထာဝရထိန်းသိမ်းလို့
တို့ပြည်သူတွေ လက်တွဲစို့ ....။

အမှန်တရားအတွက်
ဂုဏ်ဒြပ်မမက်
ကိုယ်ကျိုးကိုလဲ မဖက်တဲ့
ဗိုလ်ချုပ် ...
ဗိုလ်ချုပ် ....
ဗိုလ်ချုပ် ....

အထည်အထုပ် မရှိပေမယ့်
တကယ်အလုပ်လုပ်တဲ့ ဗိုလ်ချုပ်
အဲ့ဒါ တို့ဗိုလ်ချုပ် ...။

သူ့မူ သူ့ဟန် သူ့ရည်ရွယ်ချက်
အဲ့ဒါ တို့ပြည်သူတွေအတွက်
သေရာမပါ သူယူမသွား
တို့ပြည်သူတွေအတွက် ချန်ထား
မြန်မာပြည်ရဲ့ လွတ်လပ်ရေး
သူယူပေးလို့ ငြိမ်းချမ်းအေး .....။

ဘိုလေး (klu)




No comments:

Post a Comment