Friday, February 13, 2015

မော်လူး NLD မှ ပြုလုပ်ကျင်းပသော ဗိုလ်ချုပ် အောင်ဆန်းရာပြည့်ပွဲ









မော်လူးတွင် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့ အခမ်းအနားကျင်းပ
မော်လူး၊ ဖေဖော်ဝါရီ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူး၍ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မော်လူးဒေသ ကိုးတိုက်နယ် (၁၀)အုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ဒေသခံပြည်သူများအင်အား ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသူများကို ပဲပြုတ်နှင့် နံပြားများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး မျိုးဆက်သစ်ကလေးငယ်များ၏ ဗိုလ်ချုပ်အောင်ဆန်းသီချင်းကဗျာများ ရွတ်ဆိုဖျော်ဖြေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာများကို ဟောပြောခြင်းများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

No comments:

Post a Comment