Friday, February 13, 2015

မော်လူး သတင်းကို ဝင်ရောက်ကြည့်ရှု့ကြသူများ


ဒီပုံလေးက မော်လူးသတင်းကို ဝင်ဖတ်သူဦးရေကို ပြသတာပါ။ မော်လူးသတင်းဆိုဒ်ကို အင်တာနက်ကနေ ဝင်ကြည့်တာ တစ်ရက်ကို အနည်းဆုံး ၇၉ ကနေ ၁၂၀ ဦးအထိ ရှိနေပါတယ်။ တစ်လကို ဝင်ရောက်ကြည့်ရှုသူ ၂၈၀၀ ကျော်ရှိပါတယ်။ ဝဘ်ဆိုဒ်တည်ထောင်ပြီးချိန်မှ ယခုအထိ ဝင်ရောက်ကြည့်ရှုသူဦးရေက လေးသောင်းနီးပါးရှိနေပါပြီ .., ဆိုတော့ကာ ကျွန်တော်တို့ ဒီမော်လူးသတင်းဝဘ်ဆိုဒ်ကို တည်ထောင်ရကြိုးနပ်ပါတယ်။


ဒီပုံလေးကတော့ ကျွန်တော်တို့ မော်လူးသတင်းဆိုဒ်ကို နိုင်ငံပေါင်းစုံက ဝင်ဖတ်ကြတဲ့စာရင်းပါ။မြန်မာ ထိုင်း မလေးရှား အမေရိကန် ဂျာမနီ စင်ကာပူ အိန္ဒိယ ယူကရိန်း ပြင်သစ်နိုင်ငံတွေကနေ ဝင်ရောက်ကြည့်ရှု့ကြပါတယ်။



အပေါ်မှာ ဖော်ပြခဲ့တဲ့ပုံတွေထဲက မော်လူးသတင်းကိုဝင်ရောက်ကြည့်ရှုသူဦးရေထဲမှာ အပေါ်ကပုံမှာဖော်ပြထားတဲ့ mawlu news apk နဲ့ ဖတ်ရှု့သူစာရင်းမပါသေးပါ။ ယင်း apk သည် မော်လူးဒေသတွင် အနည်းဆုံး ဖုန်းအလုံး ၅၀၀ နှင့် ၁၀၀၀ ကြားတွင် ပါရှိနေပါလိမ့်မည် ဆိုတော့ကာ ကျွန်တော်တို့ မော်လူး သတင်းသည် အောင်မြင်သည့် ဝဘ်ဆိုဒ်တစ်ခုဟု သုံးသပ်ရပါသည်။

ယင်းသို့အောင်မြင်နိုင်ရန်အတွက် ယခင်က Admin နှစ်ဦးဖြင့်သာ ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် Admin ကို ၈ ဦးအထိ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။
အီမေလ်း( Email)မှ ရောက်လာသည့် သတင်းများကို တာဝန်ယူသည့် Admin ၂ ဦး
အခြား ဝဘ်ဆိုဒ်များမှ နည်းပညာနှင့် အခြား ဗဟုသုတစာများကို ဆောင်ရွက်သည့် Admin ၂ဦး
ဒေသတွင်း သတင်းများကို ဆောင်ရွက်သည့် Adnin ၂ ဦး
ဖေ့စ်ဘုတ်( facebook ) သို့ သတင်းများ စာများကို ပြလည်မျှ ( share) ဆောင်ရွက်သူ ၂ ဦးဟူ၍ တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။ 

No comments:

Post a Comment