Sunday, February 15, 2015

ကရင်ကျေးရွာ ဘကကျောင်းသို့ တာဝန်ရှိသူများ ကွင်းဆင်း




> မော်လူးဒေသ၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ တာဝန်ရှိသူများကွင်းဆင်း
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အင်းတော်မြို့နယ်မှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ရက်နေ့ နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
>
> အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ အင်းတော်မြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ ၂.၁၁.၂၀၁၄ ရက်နေ့က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ချမှတ်ပေးထားသော အုတ်ရေကန်ဆောက်လုပ်ရန်အတွက် ငါးသိန်း၊ ရေလောင်းအိမ်သာ ၂ ခန်းတွဲအတွက် ၁၀သိန်း၊ စာသင်ခုံ ၁၀ ခုံအတွက် ၃သိန်း ၅သောင်းတို့ကို ပံ့ပိုးချမှတ်ပေးထားခဲ့သည်။ ထိုသို့ပံ့ပိုးချမှတ်ပေးထားသည့်ငွေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးသွားခြင်းအား လာရောက်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ထိုသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာသို့ ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြုကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

No comments:

Post a Comment