Sunday, February 15, 2015

လေးတန်ရိုးရွာ ၆ ရွာ သဘာဝစိမ့်စမ်းရရှိရေး ကျေးလက်ဦးစီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်နေ



မော်လူးဒေသရှိ ကျေးရွာ ခြောက်ရွာသို့ စိမ့်စမ်းရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိ
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေးတန်းချောင်းရိုးရှိ ကျေးရွာ ၆ ရွာသို့ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန အစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
> ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ ပံ့ပိုးမှုအစီအစဉ်ဖြင့် မော်လူးဒေသ၊ လေးတန်းချောင်းရိုးရှိ ပဲခူး၊ ဂွေ့ကြီး၊ ကူးဆိပ်၊ ခိုးကောင်၊ နန့်ရုံ၊ သက်ရင်းသာကျေးရွာများသို့ သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၄င်းသဘာဝစိမ့်စမ်းရေကို ထိုကျေးရွာများမှ ၂ မိုင်ခန့်ကွာဝေးသည့် မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ အရှေ့ဘက်ရှိ သဘာဝမြေသားစိမ့်ထွက်ရေမှ လေးလက်မပိုက်လိုင်းဖြင့် သွယ်ယူမည်ဖြစ်ပြီး ကျေးရွာများအတွင်းသို့ နှစ်လက်မပိုက်များဖြင့် သွယ်တန်းပေးမည်ဖြစ်ကြောင်း၊ ထိုသဘာဝစိမ့်စမ်းရေသွယ်ယူရေးအတွက် ပဲခူး၊ ဂွေ့ကြီးကျေးရွာများအား ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး၊ သက်ရင်းသာ၊ ကူးဆိပ်၊ ခိုးကောင်၊ နန့်ရုံကျေးများကို TEACH FRIEND ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ယင်းသို့ သဘာဝစိမ့်စမ်းရေရရှိရေးအတွက်ဆောင်ရွက်နေရာသို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က အင်းတော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ သွားရောက် ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment