Sunday, February 15, 2015

မော်လူး အထကတွင် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးသင်တန်းပို့ချ



အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်တင်စာမေးပွဲအတွက် ဆရာ/မများအား ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး သင်တန်းပို့ချ
မော်လူး၊ ဖေဖော်ဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာအထက်တန်းကျောင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်းတင်စာမေးပွဲအတွက် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီက ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းပို့ချခြင်းကို အင်းတော်မြို့၊ မြို့နယ်ပညာရေးမှူး ကိုယ်စား၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်လွင်နှင့် အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ ဆရာ/မ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ မော်လူးဒေသအတွင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်းတင်စာမေးပွဲကို စာစစ်ဋ္ဌာန ရှစ်ခုခွဲကာ ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲတွင် စာမေးပွဲခန်းအား စောင့်ကြပ်ကြရမည့် ဆရာ/မများအား ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ သိသင့်သိအပ်သည့်အချက်အလက်အကြောင်းအရာများကို မြို့နယ်ဒုတိယပညာရေးမှူး ဦးကျော်လွင်မှ ဟောပြောပို့ချခဲ့သည်။ ၂၀၁၄ /၂၀၁၅ ပညာသင်နှစ်တွင် ပြောင်းလဲလိုက်သည့် ပညာရေးစနစ်အရ အဋ္ဌမတန်းနှင့် စတုတ္ထတန်းများအား အစိုးရစစ်အဖြစ် ပြောင်းလဲလိုက်ပြီး အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

No comments:

Post a Comment