Sunday, February 15, 2015

သူရောင်းကျေးရွာ မြေသားစိမ့်ထွက်ရေစုကန်အတွက် သိန်း ၁၆၀ ကျပ်ရရှိမည်



သူရောင်းကျေးရွာ သဘာဝစိမ့်စမ်းရေလှောင်ကန်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ သူရောင်းကျေးရွာသို့ ဖြန့်ဝေပေးနေသည့် သဘာမြေသားစိမ့်ထွက် ရေစုကန်အား အင်းတော်မြို့နယ် ကျေးလက်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ရက် နေ့လည် ၂ နာရီက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
> အဆိုပါ ကွင်းဆင်းကြည့်ရှု့ရာသို့ ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ လာရောက်ခဲ့ကြပြီး  သူရောင်းကျေးရွာမှ ၂ မိုင်ခန့်အကွာ စီးမော်ကျေးရွာအုပ် စည်ပိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ပေ၊ ရေအနက် ၆ ပေရှိ ရေဂါလံပေါင်း ၁၅၀၀၀၀ ဆန့်သည့် ရေစုအုတ်ရေကန်ကြီးအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။ ၄င်းရေစုကန်မှ သူရောင်းကျေးရွာရှိ နေအိမ်များသို့ ရေများပေးဝေလျှက်ရှိပြီး၊ ရေစုကန်မှ ၄ လက်မပိုက်များဖြင့် ကျေးရွာအရောက် သွယ်ယူထားခြင်းဖြစ်ကြောင်း ထိုရေကန်တွင် လိုအပ်လျှက်ရှိသည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ထောက်ပံ့ငွေအဖြစ် သိန်း ၁၆၀ အား ချမှတ်ပေးမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးမှူးထံမှ သိရသည်။

No comments:

Post a Comment