Monday, March 16, 2015

ေရေအးေခ်ာင္းတံတား ေဆာက္လုပ္ၿပီးစီး



ေက်းရြာခ်င္းဆက္လမ္းေပၚရွိ ေခ်ာင္းကူးတံတား ေဆာက္လုပ္ၿပီးစီး ေဒသခံျပည္သူမ်ား သြားလာေရး အဆင္ေျပ
ေမာ္လူး၊ မတ္ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕နယ္၊ ေမာ္လူးႏွင့္ ေလးတန္းရိုးေက်းရြာမ်ားသို႔ ဆက္သြယ္ထားသည့္ ေက်းရြာခ်င္းဆက္လမ္းေပၚရွိ ေရေအးေခ်ာင္းတံတားအား ေက်ာက္စီ သစ္သားခင္းတံတားအျဖစ္ ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွ စတင္ေဆာင္ရြက္ခဲ့ရာ မတ္လ ၁၅ ရက္ေန႔တြင္ ေဆာက္လုပ္ၿပီးစီးသြားခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေက်းရြာခ်င္းဆက္လမ္းမေပၚရွိ ေရေအးေခ်ာင္း တံတားႏွင့္ နန္႔က်ဲေခ်ာင္း တံတားႏွစ္စင္းကို ေဆာက္လုပ္ႏိုင္ရန္အတြက္ ၂၀၁၄/၁၅ ဘ႑ာေရးႏွစ္ ၂.၁၁.၂၀၁၄ ခုႏွစ္က ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းျမင့္မွ ဘိလပ္ေျမအိတ္ ၆၀၀ အိတ္(ကာလတန္ဘိုး ၃၆ သိန္း)ကို ခ်မွတ္ေပးခဲ့ျခင္းျဖစ္သည္။ ယခုေဆာက္လုပ္ၿပီးစီးသြားသည့္ ေရေအးေခ်ာင္းတံတားသည္ အရွည္ ၄၀ ေပ၊ အက်ယ္ ၁၅ ေပ၊ အျမင့္ ၁၅ ေပ၊ လက္ရန္းတိုင္အျမင့္ ၃ေပခြဲရွိၿပီး ေအာက္ခံတိုင္အျဖစ္ ေက်ာက္စီၿပီး သစ္သားခင္းတံတားျဖစ္သည္။ တံတားေဆာက္လုပ္ရာတြင္ ေဒသခံေက်းရြာသူ/သားမ်ား၏ လုပ္အားဒါနျဖင့္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ခန္႔မွန္းကုန္က်ေငြမွာ သိန္း ၅၀ ျဖစ္ေၾကာင္း၊ တံတားတည္ေဆာက္ၿပီးခဲ့သျဖင့္ ေဒသခံမ်ား ရာသီမေရြးသြားလာေရးအတြက္ အဆင္ေျပေခ်ာေမြ႕ လြယ္ကူသြားၿပီ ျဖစ္ေၾကာင္း သိရသည္။ ေဆာက္လုပ္ၿပီးစီးသြားသည့္ ေရေအးေခ်ာ္းတံတားအား မတ္လ ၁၅ ရက္ေန႕က အင္းေတာ္ၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီး႒ာန ဦးစီးမွဴး ဦးမ်ိဳးမင္းစိုး၊ ဒုဦးစီးမွဴး ေဒၚေကသီမိုး၊ ေဒၚသီတာဝင္း (ပညာရွင္အဆင့္)၊ ေဒၚခ်ိဳမာသန္း( စာရင္းကိုင္)၊ ဦးေအာင္မ်ိဳးထက္(အငယ္တန္းစာေရး)၊ ဦးမိုးေဝ(အငယ္တန္းအင္ဂ်င္နီယာ ၄)၊ ေဒၚလြင္မာေက်ာ္(အငယ္တန္းစာေရး)တို႔မွ ကြင္းဆင္းစစ္ေဆးၾကည့္ရႈခဲ့ရာ ေမာ္လူးေဒသ၊ ေဂြ႕ႀကီးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ဦးႏွင့္အဖြဲ႕ လိုက္လံရွင္းလင္း ျပသခဲ့ေၾကာင္း သတင္းရရွိသည္။

to read with unicode font
ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ချောင်းကူးတံတား ဆောက်လုပ်ပြီးစီး ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေ
မော်လူး၊ မတ် ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးနှင့် လေးတန်းရိုးကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေအေးချောင်းတံတားအား ကျောက်စီ သစ်သားခင်းတံတားအဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ မတ်လ ၁၅ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ ရေအေးချောင်း တံတားနှင့် နန့်ကျဲချောင်း တံတားနှစ်စင်းကို ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၄/၁၅ ဘဏ္ဍာရေးနှစ် ၂.၁၁.၂၀၁၄ ခုနှစ်က မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ဘိလပ်မြေအိတ် ၆၀၀ အိတ်(ကာလတန်ဘိုး ၃၆ သိန်း)ကို ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုဆောက်လုပ်ပြီးစီးသွားသည့် ရေအေးချောင်းတံတားသည် အရှည် ၄၀ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၅ ပေ၊ လက်ရန်းတိုင်အမြင့် ၃ပေခွဲရှိပြီး အောက်ခံတိုင်အဖြစ် ကျောက်စီပြီး သစ်သားခင်းတံတားဖြစ်သည်။ တံတားဆောက်လုပ်ရာတွင် ဒေသခံကျေးရွာသူ/သားများ၏ လုပ်အားဒါနဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခန့်မှန်းကုန်ကျငွေမှာ သိန်း ၅၀ ဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးခဲ့သဖြင့် ဒေသခံများ ရာသီမရွေးသွားလာရေးအတွက် အဆင်ပြေချောမွေ့ လွယ်ကူသွားပြီ ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ပြီးစီးသွားသည့် ရေအေးချော်းတံတားအား မတ်လ ၁၅ ရက်နေ့က အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုဦးစီးမှူး ဒေါ်ကေသီမိုး၊ ဒေါ်သီတာဝင်း (ပညာရှင်အဆင့်)၊ ဒေါ်ချိုမာသန်း( စာရင်းကိုင်)၊ ဦးအောင်မျိုးထက်(အငယ်တန်းစာရေး)၊ ဦးမိုးဝေ(အငယ်တန်းအင်ဂျင်နီယာ ၄)၊ ဒေါ်လွင်မာကျော်(အငယ်တန်းစာရေး)တို့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ မော်လူးဒေသ၊ ဂွေ့ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အဖွဲ့ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment