Monday, March 16, 2015

ေက်းလက္ လူငယ္ စြမ္းေဆာင္ရည္ျမင့္မားေရး သင္တန္းေဟာေျပာ



ေမာ္လူးတြင္ ေက်းလက္လူငယ္ စြမ္းေဆာင္ရည္ျမင့္မားေရး သင္တန္း ေဟာေျပာပို႔ခ်
ေမာ္လူး၊ မတ္ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕နယ္၊ ေမာ္လူး ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ မတ္လ ၁၄ ရက္ နံနက္ ၁၀ နာရီက ေက်းလက္လူငယ္ စြမ္းေဆာင္ရည္ျမင့္မားေရး သင္တန္း ေဟာေျပာပို႔ခ်မႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဟာေျပာပို႔ခ် ေဆြးေႏြးျခင္းကို အင္းေတာ္ၿမိဳ႕နယ္ ေက်းလက္ေဒသဖြံၿဖိဳးတိုးတက္ေရးဦးစီး႒ာနႏွင့္ အင္းေတာ္ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး႒ာနတို႔ ပူးေပါင္းကာ ေက်းလက္ေနလူငယ္မ်ား အသိပညာတိုးပြား၍ လူမႈစီးပြားျမင့္မားတိုးတက္လာေစေရးအတြက္ ရည္ရြယ္ကာ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေက်းလက္လူငယ္ စြမ္းေဆာင္ရည္ ျမင့္မားေရး သင္တန္းေဟာေျပာ ပို႔ခ်ျခင္းသို႔ အင္းေတာ္ၿမိဳ႕ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီး႒ာန ဦးစီးမွဴး ဦးမ်ိဳးမင္းစိုးႏွင့္ ဝန္ထမ္းမ်ား၊ အင္းေတာ္ၿမိဳ႕ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီး႒ာနမွ ဒုဦးစီးမွဴး ေဒါက္တာ ျမင့္သူႏွင့္ ဝန္ထမ္းမ်ားမွ သင္တန္းသို႔ တက္ေရာက္လာၾကသည့္ ေမာ္လူးမွ လူငယ္ ၇၂ ဦးတို႕အား ေက်းလက္ေဒသမ်ား၏ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည့္ ေရရရွိေရး၊ လမ္းပန္းဆက္သြယ္ေရး၊ မီးလင္းေရး၊ လူထုဗဟိုျပဳ စီမံကိန္းဘာသာရပ္မ်ား၊ ေမြးျမဴေရးဆိုင္ရာ ဘာသာရပ္မ်ားအစရွိသည္တို႔ကို ေဟာေျပာပို႔ခ်ေပးခဲ့ၾကၿပီး တက္ေရာက္လာၾကသူမ်ားမွ ေမးျမန္းေဆြးေႏြးခ်က္မ်ား ျပန္လည္ ေဆြးေႏြးေျဖရွင္းေပးခဲ့ေၾကာင္း သိရသည္။ေမာ္လူးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းစိန္း၊ စာေရးအဆင့္(၁) ေဒၚဝင္းတာ၊ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးမ်ားမွလည္း သင္တန္းသို႔ တက္ေရာက္ၿပီး လိုအပ္သည္မ်ားကို ကူညီပံ့ပိုးေပးခဲ့ေၾကာင္း သတင္းရရွိသည္။
to read with unicode font

မော်လူးတွင် ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်း ဟောပြောပို့ချ
မော်လူး၊ မတ် ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး ကျေးရွာအုပ်ချုပ်ရေးမှူးရံုးတွင် မတ်လ ၁၄ ရက် နံနက် ၁၀ နာရီက ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်း ဟောပြောပို့ချမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပို့ချ ဆွေးနွေးခြင်းကို အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနနှင့် အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာနတို့ ပူးပေါင်းကာ ကျေးလက်နေလူငယ်များ အသိပညာတိုးပွား၍ လူမှုစီးပွားမြင့်မားတိုးတက်လာစေရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးလက်လူငယ် စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဟောပြော ပို့ချခြင်းသို့ အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့် ဝန်ထမ်းများ၊ အင်းတော်မြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဋ္ဌာနမှ ဒုဦးစီးမှူး ဒေါက်တာ မြင့်သူနှင့် ဝန်ထမ်းများမှ သင်တန်းသို့ တက်ရောက်လာကြသည့် မော်လူးမှ လူငယ် ၇၂ ဦးတို့အား ကျေးလက်ဒေသများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးလင်းရေး၊ လူထုဗဟိုပြု စီမံကိန်းဘာသာရပ်များ၊ မွေးမြူရေးဆိုင်ရာ ဘာသာရပ်များအစရှိသည်တို့ကို ဟောပြောပို့ချပေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးချက်များ ပြန်လည် ဆွေးနွေးဖြေရှင်းပေးခဲ့ကြောင်း သိရသည်။မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်း၊ စာရေးအဆင့်(၁) ဒေါ်ဝင်းတာ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှလည်း သင်တန်းသို့ တက်ရောက်ပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment