Monday, March 16, 2015

မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်



မော်လူး၊ မတ် ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ပူးပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးရှောင် မလောင်ခင်တားဆိုသည့် ဆောင်ပုဒ်နှင့်အညီ မီးလန့်မှုများ မီးလောင်းမှုများ မဖြစ်ပွားစေရန် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး မော်လူးကျေးရွာ ရပ်ကွက်အသီးသီးရှိ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များသို့ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် မတ်လ ၁၄ ရက်နေ့မှ စတင်ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မော်လူးဒေသ အရံမီးသတ်တပ်ဖွဲ့ တပ်ခွဲမှူး ဦးခင်အောင်နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များမှ ရပ်ကွက်အသီးသီးသို့ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသကဲ့သို့ ညစဉ်တိုင်း မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အသိပညာပေးကြေညာချက်များကို ကြေညာလျှက်ရှိကြောင်း သိရသည်။ ထို့ပြင် မော်လူးအခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျှက်ရှိသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း မီးဘေးလုံခြုံရေးနှင့် အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် မော်လူးဒေသအရံမီးသတ်တပ်ဖွဲ့သည် မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

to read with unicode font

နွေရာသီ မီးဘေးအန ္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်
မော်လူး၊ မတ် ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ပူးပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးရှောင် မလောင်ခင်တားဆိုသည့် ဆောင်ပုဒ်နှင့်အညီ မီးလန့်မှုများ မီးလောင်းမှုများ မဖြစ်ပွားစေရန် မီးဘေးအန ္တရာယ်တားဆီးကာကွယ်ရေး မော်လူးကျေးရွာ ရပ်ကွက်အသီးသီးရှိ လူနေအိမ်များ၊ စျေးဆိုင်ခန်းများ၊ အလုပ်ရံုများ၊ စားသောက်ဆိုင်များသို့ မီးဘေးအန ္တရာယ်တားဆီးကာကွယ်ရေးအတွက် မတ်လ ၁၄ ရက်နေ့မှ စတင်ပြီး စစ်ဆေးဆောင်ရွက်လှျက်ရှိကြောင်း သိရသည်။
မော်လူးဒေသ အရံမီးသတ်တပ်ဖွဲ့ တပ်ခွဲမှူး ဦးခင်အောင်နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များမှ ရပ်ကွက်အသီးသီးသို့ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသကဲ့သို့ ညစဥ်တိုင်း မီးဘေးအန ္တရာယ်တားဆီးကာကွယ်ရေးအတွက် အသိပညာပေးကြေညာချက်များကို ကြေညာလှျက်ရှိကြောင်း သိရသည်။ ထို့ပြင် မော်လူးအခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလှျက်ရှိသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း မီးဘေးလံုခြံုရေးနှင့် အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် မော်လူးဒေသအရံမီးသတ်တပ်ဖွဲ့သည် မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်လှျက်ရှိကြောင်း သတင်းရရှိသည်။


No comments:

Post a Comment