Thursday, April 2, 2015

တို႔ အမ်ိဳးသား ကတူး(ဂဒူး)မ်ားသို႕ . . . .

တို႔အမ်ိဳးသား ကတူးမ်ားသို႔
@@@@@@@@@@@@@
၁။ ကတူးလူမ်ိဳး တိုးေဘးဘိုးေတြ
ေရွးပေဝက စာေပအကၡရာ
မရွိပါ၍ ေနာင္လာမ်ိဳးဆက္
တို႔လက္ထက္တိုင္ တိုးတက္ျပည့္စံု
မရွိတံုခဲ့ .......။
၂။ စာေပကင္းကြာ လူမ်ိဳးမွာကား
ပညာသုတ မျပည့္ဝ၍
တိက်ခိုင္မာ မ်ိဳးဘာသာကို
ဘယ္မွာျမတ္ႏိုး တန္ဖိုးထားအံ့....။
၃။ ကိုယ့္အမ်ိဳးသား ကိုယ့္စကားကို
မထားတန္ဖိုး ေခ်ာင္မွာထိုး၍
မ်ိဳးျခားေနာက္မွီး အထင္ႀကီးက
ရွိၿပီးစကား အမ်ိဳးသားပါ
ရွားပါးေပ်ာက္ဆံုး ကိစၥတံုးအံ့...။
၄။ သမိုင္းမသိ စာမရွိက
အတိအတ ေတာေခြးအလို
ဓါးမေနာက္ပိတ္ ေအာက္တန္းစိတ္ႏွင့္
အိပ္ေမာက်န္ရစ္ ဒုကၡျဖစ္အံ့ ...။
၅။ တို႔သမိုင္းခြင္ ရာဇဝင္ကို
 တို႔ပင္မေရး အေနေအးက
လမ္းေဘးေခြးေဟာင္ ေယာင္ေတာင္ေတာင္ႏွင့္
ေခ်ာင္ႀကိဳေခ်ာင္ျခား လူမ်ိဳးမ်ားဟု
မွတ္သားနာမ ခံရေပအံ့ ...။
၆။ ေခတ္ေၾကးမံုျပင္ ရာဇဝင္ကို
 ပံုျပင္လိုေတြး ေလွ်ာက္မေရးဘဲ
ေရွးေႏွာင္းေခတ္သစ္ ေထာက္ထားစစ္၍
အျဖစ္အမွန္ ယုတၱိတန္စြာ
ေရးသင့္ပါသည္။
၇။ ငါတို႔လက္ထက္ ေနာက္မ်ိဳးဆက္တိုင္
တိုးတက္ပညာ စခန္းသာ၍
မ်ားစြာသုတ ျပည့္ဝၾကဖို႔
ငါတို႔ႀကိဳးစား အားထုတ္ၾကစို႔ .....။
၈။ ငါတို႔လက္ထက္ ေနာက္မ်ိဳးဆက္တိုင္
 ခက္လက္ေဝျဖာ ျမစ္ပမာသို႔
ဘာသာစကား မေပ်ာက္သြားဘဲ
ဆင့္ပြားေမြႏွစ္ ေပးရစ္ခဲ့ဖို႔
ငါတို႔ႀကိဳးစား အားထုတ္ၾကစုိ႕ ...။
၉။ ဝဠာထိန္ျမဴး ေရာင္နီဦးသို႔
ကတူးေပစာ အကၡရာတို႔
ခိုင္မာေလးနက္ ေပၚထြက္လာဖို႔
ငါတို႔ႀကိဳးစား အားထုတ္ၾကစို႔ ...။
ေမ့ေလ်ာ့မွိန္းမူး တို႔ကတူးတို႔
လြန္႔လူးလႈပ္ရွား ႏိုးၾကားၾကေလာ့ ...
တို႔သမိုင္းခြင္ ရာဇဝင္ကို
ဥာဏ္ျမင္ႏိုးထ ေရးသားၾကေလာ့ ...
ကိုယ့္လူမ်ိဳးခ်င္း ညီေနာင္ရင္းတို
ကင္းရွင္းအတၱ စည္းလံုးၾကေလာ့ ...
              သန္းႏိုင္ ( ကတူးေဒသ )

to read with unicode


တို့အမျိုးသား ကတူးများသို့
@@@@@@@@@@@@@
၁။ ကတူးလူမျိုး တိုးဘေးဘိုးတွေ
ရှေးပဝေက စာပေအက္ခရာ
မရှိပါ၍ နောင်လာမျိုဆက်
တို့လက်ထက်တိုင် တိုးတက်ပြည့်စံု
မရှိတံုခဲ့ .......။
၂။ စာပေကင်းကွာ လူမျိုးမှာကား
ပညာသုတ မပြည့်ဝ၍
တိကျခိုင်မာ မျိုးဘာသာကို
ဘယ်မှာမြတ်နိုး တန်ဖိုးထားအံ့....။
၃။ ကိုယ့်အမျိုးသား ကိုယ့်စကားကို
မထားတန်ဖိုး ချောင်မှာထိုး၍
မျိုးခြားနောက်မှီး အထင်ကြီးက
ရှိပြီးစကား အမျိုးသားပါ
ရှားပါးပျောက်ဆံုး ကိစ္စတံုးအံ့...။
၄။ သမိုင်းမသိ စာမရှိက
အတိအတ တောခွေးအလို
ဓါးမနောက်ပိတ် အောက်တန်းစိတ်နှင့်
အိပ်မောကျန်ရစ် ဒုက္ခဖြစ်အံ့ ...။
၅။ တို့သမိုင်းခွင် ရာဇဝင်ကို
 တို့ပင်မရေး အနေအေးက
လမ်းဘေးခွေးဟောင် ယောင်တောင်တောင်နှင့်
ချောင်ကြိုချောင်ခြား လူမျိုးများဟု
မှတ်သားနာမ ခံရပေအံ့ ...။
၆။ ခေတ်ကြေးမံုပြင် ရာဇဝင်ကို
 ပံုပြင်လိုတွေး လှေျာက်မရေးဘဲ
ရှေးနှောင်းခေတ်သစ် ထောက်ထားစစ်၍
အဖြစ်အမှန် ယုတ္တိတန်စွာ
ရေးသင့်ပါသည်။
၇။ ငါတို့လက်ထက် နောက်မျိုးဆက်တိုင်
တိုးတက်ပညာ စခန်းသာ၍
များစွာသုတ ပြည့်ဝကြဖို့
ငါတို့ကြိုးစား အားထုတ်ကြစို့ .....။
၈။ ငါတို့လက်ထက် နောက်မျိုးဆက်တိုင်
 ခက်လက်ဝေဖြာ မြစ်ပမာသို့
ဘာသာစကား မပျောက်သွားဘဲ
ဆင့်ပွားမွေနှစ် ပေးရစ်ခဲ့ဖို့
ငါတို့ကြိုးစား အားထုတ်ကြစို့ ...။
၉။ ဝဠာထိန်မြူး ရောင်နီဦးသို့
ကတူးပေစာ အက္ခရာတို့
ခိုင်မာလေးနက် ပေါ်ထွက်လာဖို့
ငါတို့ကြိုးစား အားထုတ်ကြစို့ ...။
မေ့လျော့မှိန်းမူး တို့ကတူးတို့
လွန့်လူးလှုပ်ရှား နိုးကြားကြလော့ ...
တို့သမိုင်းခွင် ရာဇဝင်ကို
ဥာဏ်မြင်နိုးထ ရေးသားကြလော့ ...
ကိုယ့်လူမျိုးချင်း ညီနောင်ရင်းတို့
ကင်းရှင်းအတ္တ စည်းလံုးကြလော့ ...
              သန်းနိုင် ( ကတူးဒေသ )

No comments:

Post a Comment